Healthy Life Ad
Q & A

အာဟာရဓာတ်များအကြောင်း သိမှတ်ဖွယ်ရာ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. အာဟာရဓာတ်တွေအကြောင်း သိပါရစေ ဆရာ။

A. လူတွေအစာစားတဲ့အခါ ဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်အောင် လိုအပ်တဲ့စွမ်းအင်နဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။ အာဟာရမှာ Macronutrients နဲ့ Micronutrients ဆိုပြီး နှစ်မျိုးရှိပါတယ်။ Macronutrients ဆိုတာ ပမာဏများများလိုအပ်ပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းတို့ ဖြစ်ကြပါတယ်။ Macronutrients တွေကျတော့ ပမာဏ နည်းနည်းပဲလိုအပ်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ ရေတို့ဖြစ်ကြပါတယ်။ မျှတတဲ့ အစားအသောက်တွေကို ကောင်းကောင်းစားသောက်ရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်။ ဆေးတွေသောက်တာထက် မျှတတဲ့ အစားအသောက်တွေစားတာကို ပိုသဘောကျပါတယ်။

Q. အာဟာရဓာတ်အမျိုးမျိုးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါသလဲ ဆရာ။

A. ဗီတာမင်တွေမှာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်နဲ့ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဆိုပြီး နှစ်မျိုးရှိပါတယ်။

အဆီတွင် ပျော်ဝင်သော ဗီတာမင်များ

ဗီတာမင်အေ-အင်တီအောက်ဆီးဒင့်အဖြစ် ဆောင်ရွက်ပြီး အမြင်အာရုံ၊ အရေပြားနဲ့ အမြှေးပါး ကျန်းမာအောင် ထိန်းသိမ်းပေးပါတယ်။ တချို့ကင်ဆာရောဂါတွေကို ကာကွယ်ကုသပေးသလို တချို့အရေပြားရောဂါတွေကို ကုသပေးပါတယ်။

ဗီတာမင်ဒီ – အရိုးနဲ့ သွားတွေဖြစ်ပေါ်ဖို့ မရှိမဖြစ် အရေးပါပြီး ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ် စုပ်ယူအသုံးပြုဖို့ သုံးပါတယ်။

ဗီတာမင်အီး – အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်အီးက သွေးဆဲလ်တွေ ဖြစ်ပေါ်စေပြီး ကိုယ်ခံအားစနစ် အားကောင်းစေပါတယ်။

ဗီတာမင်ကေ – သွေးခဲဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။

ရေတွင်ပျော်ဝင်သော ဗီတာမင်များ

ဗီတာမင်စီ – အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီက အရိုး၊ သွားဖုံး၊ သွားနဲ့ အရေပြားကျန်းမာဖို့အတွက် လိုအပ်ပါတယ်။ အနာကျက်စေပြီး အအေးမိဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဗီတာမင် B1 -ကာဗိုဟိုက်ဒရိတ် တည်ဆောက်ဖြိုခွဲရာမှာ အရေးပါပြီး အာရုံကြောလုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။

ဗီတာမင် B2– စွမ်းအင်တည်ဆောက်မှုအတွက် အရေးပါပြီး မျက်စိ၊ အရေပြားနဲ့ အာရုံကြောလုပ်ငန်းဆောင်တာကို ကျန်းမာစေပါတယ်။

ဗီတာမင် B3– စွမ်းအင်တည်ဆောက်မှုအတွက် အရေးပါပြီး ဦးနှောက်လုပ်ငန်းဆောင်တာအတွက် ကောင်းပါတယ်။

ဗီတာမင် B6– မရှိမဖြစ် ပရိုတင်းဓာတ် ထုတ်ပေးပြီး ပရိုတင်းကနေ စွမ်းအင်ကို ကူးပြောင်းပေးပါတယ်။

ဗီတာမင် B12– သွေးနီဥဖြစ်ပေါ်ရေး၊ ဗဟိုအာရုံကြောစနစ်တည်ဆောက်မှု၊ အမိုင်နိုအက်စစ် ဖြစ်ပေါ်မှုစတာတွေအတွက် အသုံးဝင်ပါတယ်။

ဖောလစ်အက်စစ် – သွေးနီဥဖြစ်ပေါ်ရေး၊ ဆဲလ်ဖြစ်

“လူတွေအစာစားတဲ့အခါ ဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်အောင် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။ အာဟာရမှာ Macronutrients နဲ့ Micronutrients ဆိုပြီး နှစ်မျိုးရှိပါတယ်။ Macronutrients ဆိုတာ ပမာဏများများ လိုအပ်ပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ပရိုတင်းတို့ဖြစ်ကြပါတယ်။ Macronutrients တွေကျတော့” . . .

ပေါ်ရေးမှာကူညီပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်ပါတယ်။

ပန်တိုသီးနစ်အက်စစ် – ကိုလက်စထရော၊ စတီးရွိုက်နဲ့ ဖက်တီးအက်စစ် တည်ဆောက်ရေးမှာ ကူညီပေးပါတယ်။

Q. သတ္တုဓာတ်တွေရဲ့ အစွမ်းသတ္တိတွေကိုလည်း ပြောပြပေးပါဦး ဆရာ။

A. သတ္တုဓာတ်တွေကလည်း ကောင်းကျိုးတွေရှိပါတယ်။

(၁) ကယ်လ်စီယမ် – အရိုးနဲ့ သွားတွေအတွက် မရှိမဖြစ် အရေးပါပြီး အရိုးသန်စွမ်းရေး၊ အာရုံကြောနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို တည်ဆောက်ပေးပါတယ်။

(၂) သံဓာတ် – စွမ်းအင်ထုတ်လုပ်ရေးအတွက် အရေးပါပြီး ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။

(၃) မဂ္ဂနီဆီယမ်ဓာတ် – အာရုံကြောနဲ့ ကြွက်သားလုပ်ငန်းဆောင်တာ၊ အရိုးတည်ဆောက်မှုအတွက် လိုအပ်ပါတယ်။

(၄) ဖော့စ်ဖရပ်စ် – စွမ်းအင်ထုတ်လုပ်မှု၊ အရိုးနဲ့ သွားဖြစ်စဉ်မှာ ပါဝင်လုပ်ဆောင်ပါတယ်။

(၅) ကိုဘော့တ် – ဗီတာမင် B12 အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ပါတယ်။

(၆) ကြေးနီ – ဟေမိုဂလိုဘင်နဲ့ ကော်လာဂျင်ထုတ်လုပ်မှု၊ နှလုံးလုပ်ငန်းဆောင်တာ၊ စွမ်းအင်ထုတ်လုပ်မှုနဲ့ သံဓာတ်စုပ်ယူရေးတို့မှာ အသုံးဝင်ပါတယ်။

(၇) အိုင်အိုဒင်း – သိုင်းရွိုက်ဂလင်းလုပ်ငန်းအတွက် သင့်တော်ပါတယ်။

(၈) ခရိုမီယမ် – အင်ဆူလင်နဲ့ပေါင်းပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို စွမ်းအင်အဖြစ် ကူးပြောင်းပေးပါတယ်။ ဆီးချိုရောဂါ ကုသရေးမှာ အသုံးဝင်ပါတယ်။

(၉) ဆီလီနီယမ် – အင်တီအောက်ဆီးဒင့်ဖြစ်ပြီး နှလုံးကြွက်သား လုပ်ငန်းဆောင်တာမှာ ပါဝင်ပါတယ်။

(၁၀) ဇင့် (သွပ်)ဓာတ် – ဆဲလ်ပြန်လည်ထုတ်လုပ်မှုအတွက် အသုံးဝင်ပြီး အနာကျက်စေတာ၊ သုက်ကောင်ထွက်ရှိစေတာနဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်းထွက်ရှိစေတာတို့ကို လုပ်ဆောင်ပေးပါတယ်။

Q. ဆေးဖက်ဝင်အပင်တွေမှာရော ဘယ်လိုကောင်းကျိုးတွေ ရှိပါသလဲ ဆရာ။

A. ရှားစောင်းလက်ပပ် – ရောင်ရမ်းမှုကို ဟန့်တားပေးပြီး အနာကျက်စေပါတယ်။

• EPO (Evening Primose Oil) – အရေပြားနှင်းခူကို သက်သာစေပါတယ်။

• ကြက်သွန်ဖြူ – ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုးတွေကို သေစေပြီး ရောင်ရမ်းမှုကို ဟန့်တားပေးပါတယ်။

• ချင်း (ဂျင်း) – အအန်သက်သာစေပြီး မူးဝေတာကို ကုသပေးပါတယ်။

• လက်ဖက်စိမ်းလက်ဖက်ရည် – အင်တီအောက်ဆီးဒင့်ပါဝင်လို့ နှလုံးသွေးကြောကျဉ်းတာကို လျော့ကျစေပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံတစ်ခုလုံး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ဖီနောလစ်ဒြပ်ပေါင်း၊ တာပီးနွိုက်၊ ဆာလဖာဒြပ်ပေါင်း စတာတွေ ပါဝင်တဲ့အတွက် ရောဂါတချို့ ကာကွယ်ကုသရေးမှာ အသုံးဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top