Healthy Life Ad
International

၈၆နှစ်အရွယ် ဝှီးချဲနဲ့ သွားလာနေရတဲ့ ဆရာဝန်က ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကလေးများကို ကယ်တင်ရန် ဆေးရုံပြန်ရောက်လာ

ဝှီးချဲနဲ့ သွားလာနေရတဲ့ ၈၆ နှစ်အရွယ် အငြိမ်းစားယူထားတဲ့ ပါမောက္ခဒေါင်က ဝူဟန် ကော်ရိုနာဗိုင်းရပ်စ် Outbreak ကြောင့် အဆုတ်ရောင်ရောဂါခံစားနေရသူတွေကို ဆေးကုသမှုပေးဖို့ ဆေးရုံကို ပြန်ရောက်လာခဲ့ပါတယ်။

ပါမောက္ခဒေါင်ဟာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းတို့ မပြုလုပ်နိုင်ပေမယ့် သူ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝူဟန်ကလေးဆေးရုံကို ပြန်ရောက်လာခဲ့တာပါ။

သူက ဒီလိုဗိုင်းရပ်စ်ကပ်ရောဂါအသွင်ဖြစ်ပွားချိန်မှာ လူပေါင်းများစွာကို ကယ်တင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိနားလည်ပြီး ဖြစ်လို့ ကူညီမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(ကိုးကား-rachfeed ၂၆-၁-၂၀၂၀)

Most Popular

Healthy Life Ad
To Top