Healthy Life Ad
International

တရုတ်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို HIVဆေးများသုံးပြီး ကုသမှုပေးနေ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါခံစားနေရခြင်းအတွက် HIVဆေးများကို သုံးပြီး ကုသမှုပေးလျက်ရှိကြောင်း သိရသည်။Lopinavir နဲ့ Ritonavir ပေါင်းစပ်ကုထုံးက ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူလူနာများအ တွက် နောက်ဆုံးကုထုံးဟု တရုတ်အမျိုးသားကျန်း မာရေးကော်မရှင်(NHC) က ထုတ်ပြန်ထားသည်။ ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၂၀ဝ၀ ကျော် ဖျားနာခဲ့ပြီး တရုတ်တွင် အနည်းဆုံး လူဦးရေ ၅၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံသူများကို Lopinavir နဲ့ Ritonavir ဆေးပြားနှစ်ပြားကို တစ်နေ့လျှင် နှစ်ကြိမ်နှင့် alpha-interpheron ဆေးကို တစ်နေ့ နှစ် ကြိမ်ပေးကြောင်း NHC က ဆိုသည်။

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်သူတစ်ဦးသည် နောက်ထပ် လူတစ်ဦးမှ သုံးဦးသို့ ထပ်မံကူးစက်ခံရ နိုင်ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးကုသမှုကြောင်း ပျောက်ကင်းသူများလည်း ရှိကြောင်း သတင်းရရှိသည်။

(ကိုးကား-straitstimes 26-1-2020)

Most Popular

Healthy Life Ad
To Top