Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူက ကိုယ်လက်လှုပ်ရှားမှုကို ဘယ်လိုလုပ်ရမလဲ . . .

Q. ဆီးချိုရောဂါကို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့နည်းနဲ့ သက်သာအောင် ဘယ်လိုလုပ်ဆောင်ရပါမလဲ ဆရာ။
ဦးလွင်ဦး၊ လှိုင်သာယာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ဆီးချိုသွေးချိုရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ကုထုံးတစ်ခုလို လုပ်သင့်ပါတယ်။ အဲဒီအခါ သွေးချိုထိန်းသိမ်းမှုပိုကောင်းလာပါတယ်။ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန် ကျစေပါတယ်။ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး နေထိုင်လို့ ကောင်းစေပါတယ်။ အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ရှောင်ပါ။ မဝေးလွန်းတဲ့ခရီးကို လမ်းလျှောက်သွားပါ။ မမြင့်လွန်းတဲ့ အထပ်တွေကို ခြေထောက်နဲ့ပဲ အတက်အဆင်းလုပ်ပါ။ အိမ်ရှင်မတွေ အိမ်အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်တာ၊ ခြံထဲမှာ ပေါင်းမြက်သုတ်သင်ရှင်းလင်းတာတို့ကို လုပ်ဆောင်ရင်း လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိထားသင့်တဲ့ တခြားအချက်တစ်ခုက ပြုံးပါ။ စိတ်ဖိစီးမှု လျော့နည်းအောင် ကြိုးစားပေးဖို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top