Healthy Life Ad
Q & A

ခြောက်နေတဲ့ နှုတ်ခမ်း

Q. နှုတ်ခမ်းတွေခြောက်ပြီး နေရခက်နေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲ။

ဒေါက်တာတင့်ဆွေ မှ ပြန်လည်ဖြေကြားပေးပါသည်။

A. Cracked lips နှုတ်ခမ်းကွဲတာလို့လည်းခေါ်တယ်။ ရေဓာတ်ခမ်းခြောက်ပြီး ကွဲနေတာပါ။ ရာသီဥတု အေးတဲ့အချိန်မှာ ပိုဖြစ်တယ်။ နှုတ်ခမ်းကို စွတ်စိုနေအောင် ကာကွယ်မှုပေးထားတဲ့ Oily film အလွှာပါးပါးလေးက ဖုံးပေးထားတယ်။ နှုတ်ခမ်းကို ခဏခဏ ကိုက်တတ်သူတွေမှာ အဲဒီအလွှာ ပျက်စီးသွားရတယ်။ နီရဲပြီးရောင်နေနိုင်တယ်။ အပေါ်ယံအဖတ်တွေက ကွာကျနေတတ်တယ်။ ဖြစ်တဲ့နေရာကို ထိခိုက်ရင် နာမယ်၊ သွေးထွက်မယ်။ Thyroid hormone လည်ပင်းကြီး ဟော်မုန်းမမှန်တာ၊ ဗီတာမင်ဘီနည်းတာတွေကြောင့်လည်း ဖြစ်စေနိုင်တယ်။

Protect your lips သုံးရင် Oil-based lubricating cream ဒါမှမဟုတ် Petrolatum (Vaseline) ဒါမှမဟုတ် Beeswax ပျားဖယောင်းတွေပါတဲ့ Lip balm သုံးပါ။ SPF 15 နဲ့ အထက်ရှာဝယ်ပါ။ Medical grade (USP) lanolin လိမ်းရင် အပျောက်မြန်မယ်။ Nasal sebum ဆိုတာလည်း သုံးနိုင်တယ်။

Lipstick နှုတ်ခမ်းဆိုးဆေးကို သုံးနိုင်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ ရွယ်တူယောကျာ်းတွေလောက် နှုတ်ခမ်း-ကင်ဆာ အဖြစ်နည်းရတာ နှုတ်ခမ်းနီ တန်ခိုးလို့ပြောရင် ငြင်းမရပါ။

နှုတ်ခမ်းမကိုက်ပါနဲ့။ သွားရည်က ခဏနဲ့ အငွေ့ ပြန်ပြီး ခြောက်သွားတယ်။

• ရေ-အရည် များများသောက်ပါ။

• လိမ္မော်ရည်သောက်တာ ရှောင်ရမယ်။ အရက်မသောက်ပါနဲ့။

• ကိုယ်နဲ့မတည့်တာမျိုး ရှောင်ပါ။

• နှာခေါင်းနဲ့ အသက်ရှူပါ။

• အခန်းထဲမှာ ရေငွေ့ဓာတ်ရှိနေပါစေ။

• ပျားရည်လိမ်းတာလည်း သက်သာစေတယ်။

• ဘဲဆီ၊ ငန်းဆီလိမ်းကြတယ်။

• အစပ်နဲ့ အငန်စားတာရှောင်ပါ။ ကွဲနေတဲ့နှုတ်ခမ်းကို ငရုတ်သီး၊ မုံညင်း၊ Barbecue sauce (ဘာဘီကျူ-ဆော့စ်)တွေထိရင် မခံနိုင်ဘူး။

• အိမ်ထဲကအိမ်ပြင် မထွက်ပါနဲ့။

• နေရောင်ရှောင်ပါ။ နေရောင်ထဲမှာပါတဲ့ Ultraviolet rays ခရမ်းလွန်-ရောင်ခြည်ကို ကာကွယ်မဲ့ Melanin မရှိလို့ အရေပြား-ကင်ဆာ ဖြစ်စေနိုင်တယ်။

• စိတ်ရှည်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top