Healthy Life Ad
Health Tips

ရိုးစင်းသော နည်းလမ်းငါးရပ်ကို လိုက်နာရုံဖြင့် အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေ ထက်ဝက်လျှော့ချနိုင်

ZKO

ကိုယ်အလေးချိန်ထိန်းပြီး သွယ်လျစွာ နေထိုင်ခြင်း၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများစားခြင်း၊ ပုံမှန်လမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်သုံးခြင်း စတဲ့ရိုးစင်းလွယ်ကူတဲ့ ဘဝနေထိုင်မှုပုံစံ နည်းလမ်းငါးရပ်လိုက်နာခြင်းဖြင့် အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေကို ၅၄ ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

လေဖြတ်ခြင်း အဖြစ်များဆုံးအန္တရာယ်မှာ ဦးနှောက်ထဲ သွေးခဲပိတ်ဆို့ခြင်းကြောင့်ဖြစ်ပြီး ၆၂ ရာခိုင်နှုန်း ဒါမှမဟုတ် သုံးပုံနှစ်ပုံနီးပါး ဖြစ်တတ်ပါတယ်။ “ဘဝနေထိုင်မှုပုံစံ နည်းလမ်းငါးရပ်ကို လိုက်နာရုံနဲ့ လေဖြတ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ ဒီနည်းလမ်းငါးရပ်ကလည်း လူတွေအလွယ်တကူ လိုက်နာနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်” ဟု ဆွီဒင်လေ့လာသူတွေက ဆိုပါတယ်။

အသက် ၆၀ အရွယ် ဆွီဒင်အမျိုးသမီးသုံးသောင်းနှစ်ထောင်နီးပါးကို ကျန်းမာရေးနဲ့အညီ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ရမနေနိုင်ပါက အသင့်အတင့်သာသောက်ခြင်းနဲ့ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းထားခြင်း အစရှိတဲ့ ရိုးစင်းတဲ့ နည်းလမ်းငါးရပ်အား လိုက်နာမှုရှိ၊ မရှိ ဆန်းစစ်လေ့လာခဲ့ရာ အမျိုးသမီးအများစုက နည်းလမ်း၂-၃ ချက်ကိုသာ လိုက်နာမှုရှိကြောင်းနှင့် နည်းလမ်းငါးရပ်စလုံး လိုက်နာသူမှာ ၆၀ဝ အောက်ပင်နည်းကြောင်း အာရုံကြောဆိုင်ရာမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လေ့လာမှုရလဒ်တွေအရ အထက်ပါဘဝ နေထိုင်မှုပုံစံနည်းလမ်းငါးရပ်နဲ့အညီ လိုက်နာနေထိုင်သူ အမျိုးသမီးတွေက လိုက်နာမှုမရှိသူတွေထက် လေဖြတ်ဝေဒနာဖြစ်နိုင်ခြေ ၅၄ ရာခိုင်နှုန်း လျော့နည်းမှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

Ref;zeenews

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top