Healthy Life Ad
Health Tips

ဆောင်းတွင်းကာလ သင့်ကို ကျန်းမာစေမည့် မှို

ဆောင်းတွင်းမှာ ကျန်းမာစေဖို့အတွက် လတ်လတ်ဆတ်ဆတ် အစာအာဟာရမှန်သမျှ စားသင့်ပါတယ်။ မှိုကတော့ အထူးစားပေးသင့်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းစေပါတယ်

ဆောင်းတွင်းမှာ မှိုကို များများချက်စားပေးပါ။ အရသာရှိတဲ့မှိုကို ကန်စွန်းရွက်၊ ကြက်ဟင်းခါးရွက် စတာတွေနဲ့ ချက်စားတာကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။

အအေးမိတုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်

မှိုမှာ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် အားကောင်းစေပြီး အအေးမိတုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အာဟာရဓာတ် များစွာပါဝင်ပါတယ်

မှိုမှာ ဗီတာမင်တွေနဲ့ အာဟာရဓာတ် များများပါဝင်ကာ အဆီ၊ ကိုလက်စထရောကင်းစင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီနည်းပါးပါတယ်။ မှိုက အိုမင်းမှုကို ဟန့်တားပေးပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

သိုင်းရွိုက်ပြဿနာတွေကို သက်သာစေပါတယ်

မှိုမှာ ဆီလီနီယမ်ပါဝင်မှုများတာကြောင့် ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်း ကောင်းစေပြီး သိုင်းရွိုက်ပြဿနာတွေကို လျော့ကျစေကာ မျိုးအောင်နိုင်စွမ်း တိုးစေပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်

မှိုမှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့ကျစေပြီး နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top