Healthy Life Ad
Q & A

ဆီးချိုမဖြစ်အောင် ဘယ်လို စားသင့်သလဲ . . .

Q. အခုခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုအဖြစ်များနေတာ တွေ့ရပါတယ်။ မြို့နေလူထုတင်မက တောကလူတွေပါ ဆီးချိုဖြစ်နေကြတာပါ။ အဲဒါ ဘာကြောင့်ပါလဲ။ ဘယ်လို ကာကွယ်စားသောက်သင့်ပါသလဲ။

TiTi (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

A. ဘာစားစား မျှမျှတတဖြစ်အောင် စားပါ။ တစ်ခုဆို တစ်ခုတည်း စားနေတာနဲ့ စာရင်မျိုးစုံစားရပါမယ်။ တချို့ကလေးတွေဆို ထမင်းမစားချင်ဘူးဆိုလို့ မိဘတွေကလည်း ထမင်းမကျွေးဘဲ တခြားအစာတွေ လျှောက်ကျွေးပါတယ်။ တချို့က ထမင်းတစ်မျိုးတည်း များများစားတယ်ပေါ့။ အဲလိုဆိုလည်း ကာဗိုဟိုက်ဒရိတ်များလို့ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်၊ ရေဓာတ်စတာတွေက စားလိုက်တဲ့ အနပ်တိုင်း ဒီဓာတ်တွေနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

အရင်ကဆို မြို့ကလူတွေလောက်ပဲ ဆီးချိုဖြစ်ကြပါတယ်။ အခုဆိုရင် နယ်ကလူတွေ ဆီးချိုရောဂါ ဖြစ်တာပိုများလာပါတယ်။ ဘာလို့လဲဆိုတော့ ထမင်းကိုပဲ ဦးစားပေးစားတဲ့အတွက်ပါ။ ဝတဲ့သူတွေကို အများအားဖြင့် မေးကြည့်ရင် ထမင်းကြိုက်တယ်ပေါ့။ ကာဗိုဟိုက်ဒရိတ် အရမ်းစားတယ်လို့ ပြောကြမှာပါ။ တကယ်တော့ အများကြီး မစားသင့်ပါဘူး။ မနက်ဆိုရင် ထမင်းပန်းကန်လုံးနဲ့ တစ်လုံး၊ နေ့လည်ဆိုလည်း တစ်ပန်းကန်၊ ညနေတစ်ပန်းကန်လောက်ဆို လုံလောက်ပါပြီ။

ဆရာမတွေ့ဖူးတဲ့သူတစ်ယောက် သူတစ်ယောက်ဆို ထမင်းတစ်ခါစာရင် ပန်းကန်လုံးနဲ့ ရှစ်လုံးစားတယ်လို့ ပြောဖူးပါတယ်။ အသက်ငယ်ငယ် သုံးဆယ်အရွယ်လောက်တုန်းက ဘာမှမဖြစ်ပေမယ့် အသက် ၄၀ကျော်မှာ ဆီးချိုသွေးချို ဖြစ်နေနိုင်ပါတယ်။ ဆီးချိုဖြစ်နိုင်တဲ့သူတွေကတော့ မနက်စာမစားတဲ့သူတွေရယ်၊ ညပိုင်း အစာများများ စားတဲ့သူတွေမှာ ဆီးချိုဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top