Healthy Life Ad
Health Tips

ပဲစောင်းလျားသီး၏ ကျန်းမာရေး အစွမ်း

ဇွန်

ပဲစောင်းလျားသီးဟာ ပူပြီး စွတ်စိုတဲ့နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ ယေဘုယျအားဖြင့် နွယ်ပင်တစ်ပင်အနေနဲ့ ပေါက်ရောက်တဲ့ ပဲစောင်းလျားပင်ဟာ ပျမ်းမျှအားဖြင့် သုံး-လေးမီတာလောက် မြင့်ပါတယ်။ ပဲစောင်းလျားပင်ရဲ့ အမြစ်ဟာ အာလူးနဲ့ဆင်တူပြီး အာလူးထက် ပရိုတင်းဓာတ်ပါဝင်မှု ပိုများပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ် ပါဝင်မှု

ပဲစောင်းလျားသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ တခြားဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အင်ဇိုင်းတွေလည်း ပါဝင်ပါတယ်။

အရိုးစနစ် ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာ ကယ်လ်စီယမ်ပါဝင်မှု များတဲ့အတွက် လူတွေရဲ့အရိုးစနစ်အတွက် အလွန်အကျိုးပြုပါတယ်။ ပဲစောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးစနစ်ကို တည်ဆောက်ပေးပြီး ရောဂါဝေဒနာတွေမရအောင် ကာကွယ်ပေးကာ သန်စွမ်းကျန်းမာစေပါတယ်။

ပရိုတင်း ပါဝင်မှု မြင့်မားခြင်း

ပဲစောင်းလျားသီးမှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သက်သတ်လွတ် စားသူတွေအတွက် သင့်တော်ပါတယ်။

ပဲစောင်းလျားသီးဝယ်တဲ့အခါ ညှိုးနေတဲ့ အမျိုးအစား မဝယ်ပါနဲ့။ ပဲစောင်းလျားသီးမှာ အညိုရောင် အစက်တောင် မပါသင့်ပါဘူး။ ပဲစောင်းလျားသီး ဝယ်လာပြီး သိမ်းထားချင်ရင် အကောင်းဆုံးနည်းက ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ၂-၃ ရက်လောက် အထားခံပါတယ်။ပဲစောင်းလျားသီးကို မချက်ခင် ရေအေးနဲ့ သေချာဆေးကြောပါ။ ပဲစောင်းလျားသီးကို ပရိုတင်းအားဖြည့်တဲ့ အနေနဲ့စားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top