Healthy Life Ad
Life Style

နားတစ်ဖက် မကြားရတော့လို့ပါ (Hearing Problem)

ဒေါက်တာတင့်ဆွေ

သမီးက အသက်၂၄နှစ်ပါ။ နားတစ်ဖက် မကြားရတော့လို့ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်တုန်းက ဖြစ်ခဲ့တာပါ။ အလုပ်မှာတနေ့လုံး အကောင်းပါ။ ညကျတာ့ ရင်ဘက်အောင့်တယ်ဆိုပြီး အိပ်ပြန်ပါတယ်။ မနက်လည်းထရော ဘယ်လိုမှ ထလို့မရတော့ပါဘူး။ တစ်ဖက်မှတစ်ဖက်သို့လည်း စောင်းလို့မရတော့ပါဘူး။ ဆရာဝန်ခေါ်ပြီး အိမ်မှာပြပါတယ်။ ဒါပေမဲ့ မသက်သာပါ။ ၃ ရက် ၄ ရက်လောက်နေမှ အာရုံကြော အထူးကုဆရာဝန်နဲ့ ပြဖြစ်ပါတယ်။ အာရုံကြော အားနည်းတာလို့ ပြောပါတယ်။ ဆေးထိုးပြီးတော့ နည်းနည်းသက်သာပါတယ်။ ၄ရက်-၅ ရက်နေတော့ သက်သာသွားပါတယ်။ ဒါပေမဲ့ ခေါင်းကတော့ ရေးရေးလေးမူးနေတုန်းပါ။ ကြာတော့ ခေါင်းမူးတာပျောက်ပြီး နားထဲက လေထွက်သလိုလိုဖြစ်လာပါတော့တယ်။ ၁ ပတ်ကြာတော့လည်း နားကလေထွက်နေတုန်းပါပဲ။ နားတစ်ဖက်ကမကြားတော့ပါဘူး။ အာရုံကြောဆရာနဲ့ ထပ်ပြတော့လည်း အာရုံကြောကြောင့် ဖြစ်တာပါတဲ့။ သောက်ဆေးရက် ၂၀ စာ ပြန်ပေးပါတယ်။ သောက်ပြီးတော့လည်း မသက်သာဘူးဖြစ်နေတယ်။ နားဆရာဝန်နဲ့ ပြဖြစ်ပါသေးတယ်။ နားထဲမှာလည်း ဘာမှမရှိဘူးတဲ့။ နားကိုရှာတော့လည်း ဘာမှမတွေ့ဘူးလို့ပြောပါတယ်။ နားတစ်ဖက်မကြားတာ ၅ လလောက်တောင်ရှိနေပါပြီ။ ပြန်ကောင်းလာပါ့မလား။ အာရုံကြောဆရာနဲ့ပဲ ထပ်ပြရမလား။ နားကြားကိရိယာ

အရင်က နားကောင်းပြီး နောက်မှ နားလေးရစေတဲ့ အကြောင်းတွေက အသက်အရွယ်၊ ကျားမမရွေး ဖြစ်နိုင်တယ်။ ပြန်ကောင်းနိုင်တာရော မကောင်းနိုင်တော့တာပါ ဖြစ်နိုင်တယ် . . .

တပ်ရတော့မလား။ သမီးက လေဆိပ်မှာ လုပ်တာပါ။ နားတစ်ဖက်မကြားတော့ သမီးမှာနည်းနည်းတော့ အခတ်အခဲ ဖြစ်ရပါတယ်။

Acquired Hearing Loss အရင်က နားကောင်းပြီး နောက်မှနားလေးရစေတဲ့အကြောင်းတွေ-အသက်အရွယ်၊ ကျားမမရွေးဖြစ်နိုင်တယ်။ ပြန်ကောင်းနိုင်တာရော မကောင်းနိုင်တော့တာပါ ဖြစ်နိုင်တယ်။

၁။ Infections ရောဂါပိုးကြောင့်၊ Viral ဗိုင်းရပ်စ်နဲ့ bacterial ဗက်တီးရီးယားကြောင့် Encepha­litis ဦးနှောက်ရောင်တာ၊ Chicken pox ရေကျောက်၊ Measles ဝက်သက်၊ Mumps ပသိရောင်၊ Meningitis ဦးနှောက်မြှေးရောင်၊Syphilis ဆစ်ဖလစ်စတာတွေကနေ ဖြစ်စေနိုင်တယ်။

၂။ Trauma ထိခိုက်မိတာ၊ Head injury ဦးခေါင်းထိခိုက်တာ၊ နားအကြားနဲ့ဆိုင်တဲ့ ခေါင်းထဲကနေရာမှာ ထိခိုက်ရာကနေ ဖြစ်စေနိုင်တယ်။

၃။ Medication ဆေးဝါးတွေကြောင့်၊ Salicylates (Aspirin), NSAID အကိုက်အခဲပျောက်ဆေးတွေ၊ Antibiotics (Aminogl­ycosides, Erythromycin, Vancomycin) ပဋိဇီဝဆေးတွေ၊ Diuretics ဆီးသွားစေတဲ့ဆေးတွေ၊ Chpotherapy agents ကင်ဆာဆေး၊ Quinine ငှက်ဖျားဆေးတွေကနေ ဖြစ်စေနိုင်တယ်။

၄။ Noise ဆူညံသံတွေကြောင့်ဖြစ်ရင် ရုတ်တရက်မဟုတ်ဘဲ တိုးတိုး ဆိုးဆိုးလာတယ်။

၅။ Age အသက်ကြီးလို့ ဖြစ်တယ်။

၆။ Others တခြားအကြောင်းတွေကြောင့်၊ Acoustic nerve Tumour အကြားအာရုံကြောအကျိတ်၊ Otosclerosis အရိုးမာရောဂါ၊
Conductive Hearing Loss အသံလှိုင်း သယ်ပို့စနစ်မှာချို့ယွင်းပြီး နားမကောင်းတာမျိုးက ပြန်ကောင်းနိုင်တယ်။

Sensorineural Hearing Loss အကြားအာရုံကြောကြောင့် နားမကောင်းတာမျိုးက ပြန်မကောင်းနိုင်ပါ။ ဥပမာ အတွင်းနားမှာရှိတဲ့ ochlea, Hair cells eJY Nerve cells တွေမှာဖြစ်တာမျိုး။ ဒါမျိုးက မွေးရာပါရော နောက်မှဖြစ်တာပါရှိတယ်။ ဖြစ်ရင် Hearing devices ကိရိယာသုံးနိုင်တယ်။
မေးတဲ့သူက နား-အာရုံကြော ဆရာဝန်တွေကို ပြထားတာမို့ ကောင်းပါတယ်။ ဆရာပြောတာက အထောက်အကူသာ ဖြစ်ပါမယ်။

Most Popular

Healthy Life Ad
To Top