Healthy Life Ad
Health Tips

အုန်းဆီ၏ အလှအပကောင်းကျိုးများ

အကောင်းဆုံးအကျိုးရလဒ ်ရရှိဖို့အတွက် အုန်းဆီစစ်စစ်ကို အခန်းအပူချိန်မှာထားပြီး အသုံးပြုနိုင်ပါတယ်။

– ဆံကေသာထိန်းသိမ်းမှု

(၁) ဆံပင်ချောမွေ့တောက်ပြောင်စေခြင်း

ဆံပင်အရင်းကနေ အဖျားအထိ အုန်းဆီလိမ်းပြီး ဘီးနဲ့ဖြီးကာ တဘတ်စနဲ့ အုပ်ပေးပါ။ အချိန် ၁၅ မိနစ် ထားပြီးမှ ခေါင်းလျှော်ရမှာဖြစ်ပါတယ်။

(၂) ဗောက်ကုသမှု

ဆံပင်ကို အဖျားမှအရင်းအထိ ညင်ညင်သာသာ နှိပ်ပေးပါ။ ပြီးရင် မိနစ်အနည်းငယ်ထားပြီး ခေါင်းလျှော် ပေးရပါမယ်။

(၃) ဆံပင်ရှင်းလင်းချောမွေ့ခြင်း

ရှုပ်ထွေးနေတဲ့ ဆံပင်ကို အုန်းဆီလိမ်းပြီး ရှင်းပေးနိုင်ပါတယ်။

– အသားအရေထိန်းသိမ်းမှု

-ခြေသလုံးမွှေးမရိတ်ခင် ခြေထောက်တွေကို အုန်းဆီလိမ်းကာ ချောမွေ့အောင်လုပ်ပြီးမှ အမွှေးရိတ်ပါ။

-အစိုဓာတ်ထိန်းခရင်မ်အဖြစ် နှုတ်ခမ်းတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

– အစိုဓာတ်ထိန်းခရင်မ်နဲ့ အုန်းဆီကိုရောမွှေပြီး ညလိမ်းခရင်မ်အဖြစ် လိမ်းပေးလို့ရပါတယ်။

-ဝါဂွမ်းစနဲ့ အုန်းဆီကိုယူပြီး မျက်ဝန်းတွေပေါ်ညင်ညင်သာသာ သုတ်လိမ်းပေးတဲ့နည်းနဲ့ မျက်ဝန်းမိတ်ကပ်တွေကို ဖယ်ရှားပေးသင့်ပါတယ်။

-မျက်ဝန်းအတွင်းထောင့်နဲ့ ပါးမို့မို့ထက်က မိတ်ကပ် လိမ်းထားတဲ့ အပေါ်မှာ အုန်းဆီအစက်အနည်းငယ် တင်လိုက်ရင် မျက်နှာအသားအရေ ဝင်းလက်စေပါတယ်။

– ခန္ဓာကိုယ်ကြေးချွတ်သန့်စင်ခြင်း

အုန်းဆီ အကြမ်းပန်းကန်လုံးတစ်ဝက်နဲ့ အညိုရောင် သကြား အကြမ်းပန်းကန်လုံးတစ်ခွက်ကို ရောပြီး အပူ နည်းနည်းပေးပါ။ ပြီးရင် အအေးခံပြီး မရှိမဖြစ်ဆီ (Essential Oil) အစက်အနည်းငယ်ထည့်ကာ တစ်ကိုယ်လုံး ကို ပွတ်တိုက်ကြေးချွတ်ပေးရမှာဖြစ်ပါတယ်။

– မျက်နှာပေါင်းတင်ခြင်း

ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ အုန်းဆီထမင်းစားဇွန်းတစ်ဇွန်းကို ရောမွှေပြီး အချိန် ၁၅-၂၀မိ နစ်ခန့် ထားပါ။ ပြီးရင် ခြောက်သွေ့သန့်စင်တဲ့ မျက်နှာပေါ်သုတ်လိမ်းကာ ပိတ်စတစ်စနဲ့ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top