Healthy Life Ad
Life Style

စိတ်တိုဒေါသထွက်စေသည့် အံ့အားသင့်ဖွယ်ရာ အချက်လေးရပ်

စူး (ဆေးဝါးတက္ကသိုလ်)

စိတ်ညစ်ညူးနေချိန်မှာ ကိုယ်ချစ်ခင်တဲ့ သူတွေရဲ့အပြုံးကို မြင်လိုက်ရရင် စိတ်ဖိစီးမှု ပြေလျော့သွားတတ် ပေမယ့် တစ်ခါတလေ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ စိတ်တိုဒေါသထွက်နေမိတဲ့အဖြစ် တွေကြုံဖူးကြမှာပါ။ ဒီလိုဖြစ်ရတာက အောက်ပါအံ့အားသင့်ဖွယ်ရာ အချက်တွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၁) နေပူရှိန် ပြင်းလွန်းခြင်း

တောက်ပလွန်းတဲ့ နေရောင်ခြည်ဒဏ်ကြောင့် ဒေါသနဲ့ စိတ်တိုစိတ်ဆတ်တဲ့ ခံစားချက်ကို ၄၄ ရာ ခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။ အီတလီလေ့လာမှုအရ စိတ်ခံစားမှုနဲ့မျက်နှာကြွက်သားတွေက ဆက်စပ်မှု ရှိတဲ့အတွက် နေပူရှိန်ကြောင့် မျက်မှောင်တွန့်တဲ့အခါ ဒေါသစိတ်ကို တိုးမြင့်ဖြစ်ပေါ်စေပါတယ်။ ဒီလိုမဖြစ်စေဖို့ နေပူထဲသွားတဲ့အခါ နေကာမျက်မှန်တပ်ပါ၊ ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။

(၂) အဆိုးမြင်စိတ်ရှိသော လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အခန်းဖော်ရှိခြင်း

မကောင်းတဲ့ စိတ်ခံစားမှုက ကူးစက်လွယ်ပါတယ်။ အဆိုးမြင်တတ်တဲ့ အခန်းဖော်နဲ့ သုံးလလောက် အတူနေရင်တောင် အဆိုးမြင်တဲ့ သဘောထား ကူးစက်တတ်ပါတယ်။ (အထူးသဖြင့် ကိုယ့်မှာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရင်ပေါ့) ဟားဗတ်လေ့လာမှုအရ စိတ်ထားမကောင်းတဲ့ မိတ်ဆွေသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်နဲ့တွေ့ရရင် အဆိုးမြင်တဲ့ စိတ်ခံစားမှုကူးစက်ကြောင်း သိရပါတယ်။

(၃) အခြားသူတို့၏ ဖေ့စ်ဘွတ်ခ်ဓာတ်ပုံများ

ဖေ့စ်ဘွတ်ခ်သုံးသူ ၃၅၀ဦးအနက် ၉ ရာခိုင်နှုန်းဟာ တခြားသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း ဂျာမန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ တခြားသူတွေက မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူပျော်ရွှင်ပျော်ပါးနေတာ၊ မိသားစုတွေနဲ့ အတူဆုံဆည်းတာ ………. အဲဒီပုံတွေမြင်ရတဲ့အခါ အထီးကျန်စိတ်၊ အားကျစိတ်နဲ့စိတ်တိုတာတွေ ခံစားရတာကြောင့်ဖြစ်တယ် လို့သိရပါတယ်။ ဒီစိတ်ခံစားချက် ပြေပျောက်စေဖို့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ဓာတ်ပုံတွေ ကို ကြည့်ပေးပါ။ ကိုယ်ပိုင်နေရာကို ဝင်ကြည့်တာကြောင့် ဒေါသပြေလျော့စေပါတယ်။

(၄) ရေပုလင်းအလွတ်

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top