Healthy Life Ad
Q & A

ငါးမျက်စိ

ဒေါက်တာတင့်ဆွေဖြေကြားသည်။

ကျွန်မချစ်သူ ခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လိုလုပ် သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ပြောပါတယ်။ ဘာကြောင့်ဖြစ် တာလဲ ဆိုတာရယ်။ ဘယ်လိုသတိပြု နေထိုင်သင့်တယ်ဆိုတာ ပြောပြပေးပါရှင့်။

ဟုတ်တယ်။ “ငါးမျက်စိ”လိုမျိုး လူတော်တော်များများ ဖြစ်ကြတယ်။ မနေ့ကတောင် ဆရာ့ဆေးခန်းလာပြတာ ၂ ယောက်ရှိတယ်။ ခွဲဖို့ ရက်ချိန်းပေးလိုက်ရတယ်။
Corns and Callus လို့ အလွယ်ခေါ်တယ်။ ဆေးစာလိုကြ Hyperkeratosis, Clavus, Heloma and Tyloma လို့လည်း ခေါ်ကြတယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ကုရတာခြင်း မတူဘူး။
ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ အရေပြားက ထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင်နာမယ်။ အဖိခံရတဲ့နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်က သူ့ဘာသာကာကွယ်တာ လုပ်ရင်းကနေ အဲလိုဖြစ်လာ တာပါ။

ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်းဖြစ်တာပဲ အသားမာလိုပေါ့။ စာရေးလို့ ဖောင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလယ်မှာအဖြစ်များတယ်။ ဖိနပ်ကျပ်ရင် လည်းဖြစ်မယ်။ ဂစ်တာ၊ မယ်ဒလင်တီးသူတွေ လည်းဖြစ်တယ်။ မီးဖိုဝင်ရသူတွေ၊ အကသမားတွေ စသူတွေမှာလည်းဖြစ်ကြတယ်။ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာ ကိုယ်က သူ့ကို Foreign body လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters တွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာ လုပ်ပေးနိုင်တယ်။ (bathroom surgery) ကိုယ့် ဘာသာကိုယ်ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေးလိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံး တံစဉ်း(ကျားလျှာ မျိုး)နဲ့တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက်သန့်ရှင်းရေး ဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက် ကိုဖျော်ပြီး ဆေးဖော်တာကို အခုတော့ တားထားတယ်။နောက်ဆုံး ခွဲစိတ်ရမှာပါပဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီး ပျောက်သွားတာပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top