Healthy Life Ad
Health Tips

၀ိတ်ကျချင်သူများအတွက် . . .

ငွေစင်ကြယ်ယံ

နေ့စဉ် စားသောက်တဲ့ အာဟာရကြောင့် ကျန်းမာရေးကောင်းမွန်စေပြီး ဘေးမဖြစ်စေဖို့ သိရှိလိုက်နာ သင့်တဲ့နည်းတချို့ကို ဖော်ပြလိုက်ရပါတယ်။

(၁) ရာခိုင်နှုန်းကို သိပါ

သင်စားတဲ့ အစာထဲမှာ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲ၊ သစ်သီးဝလံ စတာတွေက ရတဲ့ ကာဗိုဟိုက်ဒရိတ် ၅၀ ရာခိုင်နှုန်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါး ကရတဲ့ အဆီ ၃၅ရာခိုင်နှုန်းနဲ့ ပဲ၊ ငါး၊ အခွံမာသီး၊ အဆီနည်းအသား၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက် ပစ္စည်းကရတဲ့ ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းတို့ ပါဝင်သင့်ပါတယ်။

(၂) ကယ်လိုရီကို ရေတွက်ပါ

ကိုယ်အလေးချိန်ကို လျှော့ချင်တယ်ဆိုရင် ကိုယ်အလေးချိန် ၁၅၀ပေါင်ရှိတဲ့ အမျိုးသမီးတစ်ယောက် က တစ်နေ့ ၁၄၀ဝ ကယ်လိုရီစားသင့်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းချင်တယ် ဆိုရင်တော့ ၁၈၀ဝ ကယ်လိုရီ အထိတိုးပြီး စားသင့်ပါတယ်။

(၃) အနီရောင်အသားနှင့် အချိုစာများ လျှော့စားပါ

ပြည့်ဝဆီကို တစ်နေ့တာစားတဲ့ ကယ်လိုရီရဲ့ ၈ ရာခိုင်နှုန်းထက် ပိုမစားသင့်ပါဘူး။ ဒါကြောင့် အနီရောင်အသားတွေ၊ အချိုစာတွေကို အာသာပြေရုံပဲ အနည်းငယ်စားပေးပါ။ ဒီအစာတွေအစား လတ်ဆတ်တဲ့သစ်သီး၊ အေးခဲနေတဲ့သစ်သီးတွေကို စားပေးသင့်ပါတယ်။

(၄) အဆီနည်းအသား၊ ဥအမျိုးမျိုးနှင့် ငါးကိုစားပါ

အဆီနည်းအသားတွေနဲ့ ဥအမျိုးမျိုးကို တစ်ရက်ခြားတစ်ခါလောက်ပဲ စားသင့်ပြီး ငါးကို တစ်ပတ်အနည်းဆုံး နှစ်ကြိမ်စားသင့်ပါတယ်။

(၅) အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းကို သောက်ပါ

ကယ်လ်စီယမ်နဲ့ တခြားအာဟာရဓာတ်တွေရရှိဖို့ နေ့စဉ်နို့နဲ့ ဒိန်ချဉ်သောက်ပေးပါ။

(၆) ကျန်းမာရေးနှင့် ညီညွတ်သောအဆီနှင့် ကာဗိုဟိုက်ဒရိတ်တို့ကို စားပါ

သံလွင်ဆီ၊ အခွံမာသီး၊ ထောပတ်သီးနဲ့ ငါး တွေကရတဲ့ အဆီတွေက ကျန်းမာရေးနဲ့ ညီညွတ် တာကြောင့် စားပေးသင့်ပါတယ်။ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို၊ ဆန်လုံးညိုစတာတွေက ရတဲ့ ကာဗိုဟိုက်ဒရိတ်တွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top