Healthy Life Ad
Health Tips

သင့်ကိုယ်ရနံ့ သင်းပျံ့နေအောင်

လရိပ်မေ

ချွေးထွက်တဲ့ ဂလင်းတွေရဲ့ လှုံ့ဆော်မှုကြောင့် ချွေးထွက်များ သူတွေအနေနဲ့ ကိုယ်နံ့နံတတ်ပါတယ်။ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးနေရင် အနံ့နံတာကြောင့်တယ်။ ချွေးထွက်များတာက စိတ်မသက်မသာဖြစ်စရာ ကောင်းသလို ချွေးထွက်များတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားနဲ့ ထိတွေ့ပြီး အနံ့ဆိုးထွက်တတ်ပါတယ်။
-ဘက်တီးရီးယားသေစေနိုင်တဲ့ ဆပ်ပြာသုံးပြီး ရေချိုးပါ။ ပြီးရင် ချွေးနံ့ထိန်းတောင့် လိမ်းပေးသင့်ပါတယ်။
– တတ်နိုင်သမျှ ချည်သားဝတ်စုံကို ရွေးချယ်ဝတ်ပါ။ အထူးသဖြင့် အတွင်းခံအဝတ်အစားဝတ်မယ်ဆိုရင် လေဝင်လေထွက်ကောင်း တဲ့ ချည်သားဝတ်စုံကိုဝတ်ပါ။
-ကိုယ်လုံးနဲ့အတိ ကျပ်နေတဲ့ဝတ်စုံမျိုးကို ရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ ဝတ်စုံကို ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။ တစ်နေ့ အင်္ကျီတစ်စုံလဲဝတ်ပါ။
-ချိုင်းနေရာကို မကြာခဏ သန့်စင်ဆေးကြောပေးပါ။ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ချိုင်းနေရာကနေ လာတာဖြစ်ပါတယ်။
-ကိုယ်နံ့ဆိုးမထွက်အောင် ထိန်းတဲ့အရာတွေကို ဝယ်မယ်ဆိုရင် အချက်နှစ်ချက်ကို သတိထားပါ။ Antiperspirant (ချွေးတိတ် ဆေး)ဟာ ချွေးပေါက်ကို ပိတ်စေတဲ့နည်းနဲ့ အရေပြားကနေချွေး ထွက်တာကို ရပ်တန့်စေတာဖြစ်ပါတယ်။ Deodorants (ချွေး နံ့ပျောက်ဆေး)ကတော့ ချွေးထွက်တဲ့အခါ ဘက်တီးရီးယားတွေ ကို သေစေတာဖြစ်ပါတယ်။ သင်က ဘယ်လိုအမျိုးအစားကို လိုအပ်နေတာလဲဆိုတာ စဉ်းစားပြီး ဝယ်ယူသုံးစွဲပါ။
-ခြေထောက်အနံ့ဆိုးထွက်မှု ကင်းစေဖို့ ခြေထောက်ကို သေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးရင် ခြေချောင်းတွေကြား လေဝင်လေထွက် ကောင်းစေမယ့် ဖိနပ်မျိုးစီးပါ။
-ကော်ဖီနဲ့ လက်ဖက်ရည်ကိုလျှော့သောက်ပါ။ အဲဒီအထဲမှာ ပါတဲ့ ကဖင်းဓာတ်ဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြော စနစ် (Autonomic Nervous System) ကိုလှုံ့ဆော်နိုင်ပါတယ်။ ဒီအာရုံကြောစနစ်ဟာ ချွေးထွက်တာကို ထိန်းပေးပါတယ်။
-အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အရက်ကိုရှောင်ပါ။
– ရေချိုးတဲ့အခါမှာ ရှလကာရည်တစ်ခွက်ထည့်ထားတဲ့ ချိုးရေနဲ့ ချိုးပေးပါ။ ဒါမှမဟုတ် ဆော်ဒါမှုန့်နဲ့ ခန္ဓာကိုယ်ကိုပွတ်တိုက်ပြီး ရေချိုးလိုက်ရင်လည်း ကိုယ်နံ့ ဆိုးကင်းစေပါတယ်။
-ရေချိုးပြီးတဲ့အခါ ချွေးနံ့ပျောက်ဆေးတောင့်ကို လိမ်းပေးပါ။
-အပြင်ထွက်တဲ့အခါ စနိုးတာဝါလို အနုစားလက်ကိုင်ပဝါကို ဆောင်ထားပြီး ချွေးထွက်များတဲ့ ချိုင်းကြား လိုနေရာမျိုးမှာ သုတ် ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top