Healthy Life Ad
Q & A

မီးစက်အငွေ့ကြောင့် သတိလစ်ခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

မေး- ဟိုတနေ့က မီးစက်နှိုးပြီး စာသင်တာ အငွေ့က စာသင်ခန်းထဲဝင်သွားလို့ ဆရာမကော ကလေးတွေပါ သတိလစ်သွားတယ်လို့ သိရပါတယ်။ အဲဒါ ဘာကြောင့် ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ- ဒါက ကာဗွန်မိုနောက်ဆိုက်ငွေ့အဆိပ်သင့်ခြင်း (CO Poisoning) ကြောင့်ဖြစ်တာပါ။ အလုံပိတ်အခန်း ထဲမှာ လေလုံနေတယ်။ အဲဒီအချိန်မှာ မီးစက်ဖွင့်လို့ထွက်လာတဲ့ ဓာတ်ငွေ့တွေက ကာဗွန်မိုနော့ဆိုက်ငွေ့ တွေဖြစ်ပြီး ရှူမိသူတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ချိန်မှာ အောက်ဆီဂျင်နေရာ ဝင်သွားရာက အဆိပ်သင့် ပါတယ်၊ အဲဒီအခါ ခေါင်းကိုက်မယ်။ ခေါင်းမူးမယ်။ အားနည်းလာမယ်။ ဗိုက ်အနေရခက်မယ်။ အန်မယ်။ အဲဒါကို ချက်ချင်းဆွဲထုတ်ပြီး အောက်ဆီဂျင်မြန်မြန ်မပေးနိုင်ဘူးဆိုရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကလေးတွေ၊ အသက်ရှူလမ်းကြောင်း အားနည်းသူတွေဆိုရင် အထူးသတိထားသင့်ပါတယ်။
ဒါကြောင့် မီးစက်ကို အလုံခန်းထဲမှာ ထားပြီး ဘယ်တော့မှမဖွင့်ရပါဘူး။ မီးစက်ကို လေဝင်လေထွက်ရှိတဲ့နေရာ၊ အပြင်မှာထားရပါမယ်။ ကိုယ် နေတဲ့နေရာကို မီးစက်ကထွက်တဲ့ အငွေ့တွေ မဝင်အောင်စီစဉ်ထားသင့်ပါတယ်။ ဒါကို အသိပညာရှိထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top