Healthy Life Ad
Life Style

ပေးသလောက်သာ ပြန်ရရိုး ထုံးစံရှိပါတယ်

စူး (ဆေးဝါးတက္ကသိုလ်)

လယ်သမားတစ်ဦးက မုန့်ဖုတ်သမားဆီကို နေ့တိုင်းနေ့တိုင်း ထောပတ်တစ်ပေါင် ရောင်းလေ့ရှိပါသတဲ့။ တစ်နေ့ကျတော့ မုန့်ဖုတ်သမားက သူဝယ်တဲ့ ထောပတ်တစ်ပေါင်ဟာ အလေးချိန်မပြည့်ဘူးဆိုပြီး စိတ်တိုဒေါသထွက်ကာ ရွာလူကြီးဆီ သွားတိုင်ပါတော့တယ်။
ရွာလူကြီးက လယ်သမားကိုဆင့်ခေါ်ပြီး ထောပတ်ကို ဘယ်လိုချိန်တွယ်ပြီး ရောင်းလိုက်သလဲလို့ မေးမြန်းပါတယ်။
လယ်သမား ပြန်ဖြေတာက-
“ရွာလူကြီးမင်းခင်ဗျား . .ကျွန်တော့်မှာ တိကျတဲ့ အလေးချိန်ခွင်တော့မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ ချိန်တွယ်နည်းတော့ ရှိပါတယ်”
“ထောပတ်ကို ဘယ်လိုချိန်တွယ်တာလဲ လယ်သမား” လို့ ရွာလူကြီးက ထပ်မံမေးလိုက်ပါတယ်။
လယ်သမားပြန်ဖြေလိုက်ပုံက-
“ကျွန်တော်က မုန့်ဖုတ်သမားဆီက ပေါင်မုန့်တစ်ပေါင် ဝယ်နေကျပါ။ နေ့တိုင်း အဲဒီပေါင်မုန့်ယူလာတဲ့အခါ ပေါင်မုန့်တစ်ပေါင်ရဲ့ အလေးချိန်နဲ့ညီမျှတဲ့ ထောပတ်တစ်ပေါင်ကို ချိန်ပြီး ကျွန်တော် ပြန်ရောင်းလေ့ရှိပါတယ် . . တကယ်လို့ ကျွန်တော်ရောင်းတဲ့ ထောပတ်က အလေးချိန်မပြည့်ဘူးဆိုရင် ပေါင်မုန့်အလေးချိန်မပြည့်တာ ဖြစ်လို့ မုန့်ဖုတ်သမားမှာပဲ အပြစ်ရှိပါတယ် ရွာလူ ကြီးမင်း”
ဒီပုံပြင်လေးလိုပါပဲ ဘဝမှာ ကိုယ်ပေးသမျှပဲ ကိုယ်ရရိုး ထုံးစံရှိပါတယ်။ တခြားသူတွေကို မလိမ်ညာပါနဲ့၊ မလှည့်စားပါနဲ့ . . ကိုယ်က တန်ပြန်ခံရမှာ အမှန်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top