Healthy Life Ad
Health Tips

ဗိုက်ပူလို့ စိတ်ညစ်နေသူတို့အတွက် အထိရောက်ဆုံး နည်းလမ်း ၉ သွယ်

စူး (ဆေးဝါးတက္ကသိုလ်)

ဗိုက်ချပ်ရပ်လှပချင်တာက လူအများရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်ချပ်ရပ်တာက အသွင်အပြင်ကို ကြည့်ကောင်းစေရုံသာမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ရှိစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဗိုက်အဆီရှိတာက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ဖုံးအုပ်ပြီး နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးပြဿနာလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဗိုက်ပူလို့ ဗိုက်ချပ်ရပ်ချင်သူတွေအနေနဲ့ အောက်ပါနေထိုင်စားသောက်မှုပုံစံလေးတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

နည်းလမ်း (၁)
လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
ဗိုက်ချပ်ဖို့ ကယ်လိုရီလျှော့စားတာနဲ့ အဆီလောင်ကျွမ်းအောင် လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်ရပါမယ်။ အဲဒီအထဲက လေ့ကျင့်ခန်းလုပ်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီအားလုံးကို လျော့ကျ အောင် ကူညီပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကယ်လိုရီကို ပိုလောင်ကျွမ်းစေပါတယ်။

နည်းလမ်း (၂)
တစ်ကိုယ်လုံးကို အာရုံစိုက်ပါ
ကိုယ်အလေးချိန်များနေရင် ရေကူးတာ၊ လမ်းလျှောက်တာ၊ ပြေးတာတို့လို တစ်ကိုယ်လုံးရှိ အဆီပိုတွေကို လျော့ကျစေမယ့် လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ဖို့နဲ့ နှလုံးခုန်နှုန်းကို ၇၀ ရာခိုင်နှုန်းအထိ ထိန်းထားဖို့ ဦးတည်ပြီး လေ့ကျင့်ခန်းလုပ်ရပါမယ်။

နည်းလမ်း (၃)
အသင်းလိုက်လုပ်ရတဲ့ အားကစားကို လုပ်ဆောင်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆွဲခေါ်နေရရင် အသင်းလိုက် လုပ်နိုင်တဲ့ အားကစားကို စဉ်းစားပါ။ ဘောလုံး၊ ဘောလီဘောကစားတာတို့ကို လုပ်ဆောင်ပါ။ မိတ်ဆွေအသစ်တိုးစေပြီး ပျော်စရာကောင်းပါတယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်စေပြီး ဝမ်းဗိုက်အဆီလည်း လျော့ကျစေပါတယ်။

နည်းလမ်း (၄)
ကယ်လိုရီလျှော့ချပါ
စားသောက်တဲ့ ကယ်လိုရီကိုလည်း လျှော့ချရပါမယ်။ အထူးသဖြင့် အဆီအအိမ့်၊ အချိုတွေကို တတ်နိုင်သမျှ လျှော့ပါ။ တစ်နေ့မှာ ၂၅၀ ကယ်လိုရီလျှော့ချရင် တစ်ပတ်မှာ ၂ ပေါင်ခန့် လျော့ကျသွားနိုင်ပါတယ်။

နည်းလမ်း (၅)
သကြားရှောင်ပါ
သကြားက ဗိုက်ပူခြင်းရဲ့ အဓိကရန်သူပါ။ သကြားပါဝင်မှုများတဲ့ ကိတ်မုန့်၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာ၊ အချိုရည်တွေကို တတ်နိုင်သမျှ ဆင်ခြင်ပါ။ ဖြစ်နိုင်ရင် အသင့်အတင့်ပဲစားပါ။

နည်းလမ်း (၆)
ဟင်းသီးဟင်းရွက်နှင့် စတင်ပါ
ခန္ဓာကိုယ်အဆီကျပြီး ဝမ်းဗိုက်ချပ်ရပ်စေဖို့ ဟင်းသီးဟင်းရွက်ပါတဲ့ အစားအသောက်တွေနဲ့ တစ်နေ့တာကို စတင်ပါ။ ဟင်းသီးဟင်းရွက်တွေက အသားတွေထက် အစာကြေပိုမြန်စေပြီး အဆီတွေကို ချေဖျက်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ဗိုက်ပြည့်စေပါတယ်။

နည်းလမ်း (၇)
သင့်တော်သော အစာရွေးချယ်ပါ
အစားအသောက်ကို အပင်ထွက်အခြေခံတဲ့ အစာ(ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်နှံ တစ်ခုလုံးအစာ)တွေ ရွေးစားပါ၊ ကယ်လိုရီရရှိမှုနည်းနည်းနဲ့ ဗိုက်ပြည့်စေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပြီး အဆီပါဝင်မှုနည်းတဲ့အတွက် ဝိတ်မတက်စေပါဘူး။ ဝမ်းမှန်မှန်သွားစေတာကြောင့် ဝမ်းဗိုက်ချပ်ရပ်စေပါတယ်။

နည်းလမ်း (၈)
နေထိုင်စားသောက်မှုပုံစံပြောင်းပါ
ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ အခြေခံနည်းက အစားအသောက်ကို ကျန်းမာရေးနဲ့ အညီစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ပဲ ဖြစ်ပါတယ်။ ဇွဲရှိရှိနဲ့ ပြောင်းလိုက်ရင် အောင်မြင်မှုရမှာ အသေအချာပါ။

နည်းလမ်း (၉)
မရှိမဖြစ ်ဆီကို အသုံးပြုပါ
မရှိမဖြစ်ဆီတွေ (ဥပမာ-လာဗန်ဒါဆီ၊ စပယ်ဆီ) က အသားအရေတင်းရင်းစေတဲ့အပြင် အဆီ လောင်ကျွမ်းစေပါတယ်။ မရှိမဖြစ်ဆီ ၆ စက်နဲ့ ထောပတ်သီးထမင်းစားဇွန်းတစ်ဇွန်းတို့ ရောပြီး ဝမ်းဗိုက် အသားအရေပေါ်မှာ ညင်ညင်သာသာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top