Healthy Life Ad
Health Tips

ခံတွင်းအနံ့ဆိုးထွက်ခြင်းကို အချိန်ငါးမိနစ ်အတွင်း ဖယ်ရှားရအောင်…….

လေ့လာမှုစာရင်းတွေအရ ကမ္ဘာ့လူဦးရေ ရဲ့ ၅-၆၀ရာခိုင်နှုန်းက ခံတွင်းအနံ့ဆိုးထွက်တာကို ခံစားနေရတယ်လို့ သိရပါတယ်။ ခံတွင်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးပြီး ကြက်သွန်ဖြူမစားတာတောင်မှ ခံတွင်းအနံ့ဆိုး ထွက်တာက အလွန်ပြင်းထန်ပြီး အစည်းအဝေး ဒါမှမဟုတ် ချစ်သူနဲ့တွေ့ဆုံမှုတွေမှာ တောင် စိတ်အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။

ခံတွင်းအနံ့ဆိုးထွက်ရသော အကြောင်းရင်းများ

ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးများစွာ ပွားများရာက ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ သွားတွေကိုသာမက လျှာကိုပါ သေချာ သန့်စင်ရပါမယ်။ ဒါ့အပြင် ခံတွင်းအနံ့ဆးို ထွက်စေတဲ့ အောက်ပါအချက်တွေကိုရှောင်ရပါမယ်။
၁. ဆာလဖာပါဝင်မှုများတဲ့ အစာတွေကို စား ခြင်း (ဥပမာ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်)
၂. ဆေးလိပ်၊ အရက်သောက်ခြင်း
၃. သွားဖုံးရောဂါဖြစ်ခြင်း
၄. စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း
၅. ခံတွင်းထဲ ပိုးကူးစက်မှုများခြင်း
၆. သွားပိုးစားခြင်း

ခံတွင်းအနံ့ဆိုးထွက်တာ ချက်ချင်းပျောက်ချင်ရင် (သွားတိုက်တံမရှိတဲ့ အခြေအနေမှာ) အောက်ပါနည်းတွေကို လုပ်ဆောင်ပေးပါ။
(၁) ရေသောက်ပါ
ခံတွင်းထဲက ဘက်တီးရီးယားဟာ ပြင်းထန်တဲ့ အနံ့ထွက်စေပြီး အဲဒါကို တံတွေးက တားပါတယ်။ ရေဓာတ်ပြည့်ဝနေလေလေ၊ ခံတွင်းအနံ့ဆိုးထွက်တာ လျော့နည်းလေလေပါ။ ဒါကြောင့် အာခြောက်နေရင် ရေ တစ်ဖန်ခွက်သောက်ပေးပါ။
(၂) ပူဒီနာ၊ ပင်စိမ်းလို ဟင်းခတ် အမွှေးအကြိုင် ဝါးစားပါ
ပါတီပွဲမှာရောက်နေရင် ပူဒီနာ(ပူစီနံ)၊ ပင်စိမ်းတို့လို ဟင်းခတ်အမွှေးအကြိုင်ကို ဝါးစားလိုက်ပါ။ အချိန်တိုအတွင်း ခံတွင်းအနံ့ဆိုး ပျောက်စေပါတယ်။
(၃) ပန်းသီးတစ်လုံးစားပါ
ဘယ်သွားသွား ပန်းသီးတစ်လုံး ယူသွားပါ။ ပန်းသီးမှာ ပိုလီဖီနောဓာတ် ပါတာကြောင့် ခံတွင်းအနံ့ဆိုးကို ကင်းစင်စေပါတယ်။ သွားတွေကိုလည်း သန့်ရှင်းသွားစေပါတယ်။
(၄) လီမွန်သီးစိတ်စားပေးပါ
လီမွန်သီးက ကျန်းမာရေးနဲ့ ညီညွတ်ရုံ သာမက ခံတွင်းအနံ့ဆိုးကိုပါ ကင်းစင်စေပါတယ်။ အကြောင်းကတော့ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကို သေစေလို့ပါ။ ရေတစ်ဖန်ခွက်ထဲ လီမွန်သီးညှစ်ကာသောက်ပေးပါ၊ ဒါမှမဟုတ် လီမွန်သီးတစ်စိတ် စုပ်လိုက်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီစားပြီးချိန်လုပ်ရင် အလွန် ထိရောက်ပါတယ်။
(၅) အိပ်ကပ်ထဲ ခံတွင်းအနံ့သင်းစေမယ့် ပီကေဆောင်ပါ
ခံတွင်းအနံ့ဆိုးထွက်နေရင် ပီကေ ဒါမှမဟုတ် ခံတွင်းအနံ့သင်းစေတဲ့ဂျဲလ ်ကို ဆောင်ထားလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top