Healthy Life Ad
Life Style

ကြောင်ကို ဘယ်သူ ခြူဆွဲပေးမှာလဲ

စူး (ဆေးဝါးတက္ကသိုလ်)

ကြွက်ကြီး၊ ကြွက်ငယ်၊ ကြွက်လတ်ရှိသမျှ ကြွက်အပေါင်းတို့က သူတိုရဲ့ ဘုံရန်သူဖြစ်တဲ့ ကြောင်ရန်ကို ဘယ်လို ဖြေရှင်းရပါ့မလဲလို့ စုဝေးပြီးဆွေးနွေးကြပါတယ်။
ကြွက်တွေက သူတို့မှာရှိသမျှ စိတ်ကူးစိတ်သန်းတွေကို မျှဝေကြပေမယ့် ကြောင်ကို နှိမ်နင်းဖို့ လုံလောက်တဲ့ စိတ်ကူးသစ်ထွက်မလာကြပါဘူး။
အဲဒီအခါ ကြောင်ရဲ့လည်ပင်းမှာ ခြူတစ်ခုချိတ်ဆွဲဖို့ ကြွက်ငယ်တစ်ကောင်က အကြံပြုပါတယ်။
“ဒါဆိုရင် ကြောင်လာတာနဲ့ ခြူကအသံမြည်မှာပဲလေ၊ ခြူသံကြားရင် ကြောင်ရန်ပြုတာ မခံရအောင် ထွက်ပြေးလွတ်မြောက်နိုင်မှာပေါ့”
အားလုံးကလည်း စိတ်ကူးကောင်းပဲဆိုပြီး ထောက်ခံကြတယ်။
ထောက်ခံသူအားလုံးထဲမှာမှ ပညာရှိကြွက်က်တစ်ကောင်က မေးလိုက်တယ်။
“ခြူသံကြားတော့ ထွက်ပြေးနိုင်တာက ဟုတ်ပါပြီ။ ဒါပေမဲ့ ကြောင်ကိုဘယ်လို ခြူဆွဲပေးမှာလဲ”ဟူသတဲ့။
ဒီစာစုက ပေးချင်တဲ့သင်ခန်းစာက တချို့နည်းလမ်းတွေက အဆိုပြုဖို့ လွယ်သလောက်လိုက်လုပ်ဖို့တော့ တကယ်ခက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top