Healthy Life Ad
Q & A

ဘီပိုးအတွက် ပိုးသတ်ဆေးက တစ်သက်လုံး သောက်ရမှာလား . . .

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး – အသည်းရောင်ဘီပိုးကောင်ရေ ၅၅၀ရှိတာ ပိုးသတ်ဆေး ၆လ သောက်ခိုင်းပြီး ပြန်စစ်ခိုင်းတယ်။ မစစ်ဖြစ်သေးလို့ဆေးလည်း ၆လပြီး ဆက်မသောက်ဖြစ်ဘူး။ / milk thistleeJY livonlin forte
တော့ ပုံမှန်သောက်နေတယ်။ သိချင်တာက ပိုးသတ်ဆေးက တစ်သက်လုံးသောက်နေရမှာလား။ ဘီပိုးက အရှင်းပျောက်ဆေးမပေါ်သေးဘူးဆိုတော့ ဒီအတိုင်းကောင်ရေလျော့တာကိုထိန်းထားရမလား ဖြေပေးပါနော်။

ဖြေ – ဘီပိုးရှိရင် ဘီပိုးကောင်ရေကို စစ်ဆေးတယ်၊ ပြီးရင် HbeAntigeneJY Hbe Antibody
ဆိုတဲ့ ဘီပိုးပွားများမှုရှိ၊ မရှိနဲ့ သူ့ကို တိုက်ခိုက်နိုင်တဲ့ဓာတ် ရှိ၊ မရှိ စစ်ဆေးပါတယ်။ ပိုးကောင်ရေ သိန်းကျော်နေရင် ဘီပိုးသတ်ဆေးကို ပေးလေ့ရှိပါတယ်။ ဘီပိုးကောင်ရေ ၅၅၀ ကျော်ပြီး အာထရာဆောင်းအရ အသည်းမှာ ထိခိုက်မှုလေးတွေ ရှိနေတယ်၊ ဖိုင်ဘရိုစကင် စစ်လိုက်လို့ အသည်းထိခိုက်မှုရှိနေတယ်ဆိုရင် သက်ဆိုင်ရာ အသည်းဆရာဝန်က ဘီပိုးကို စတင်ကုသ မှုပေးလေ့ရှိပါတယ်။ ဘီပိုးသတ်ဆေး သောက်ပြီဆို ရင်တော့ တစ်သက်လုံးနီးပါး ဆေးကို ဆက်သောက်ရမှာ ဖြစ်ပါတယ်။
ဘီပိုးသတ်ဆေး သောက်ရင် ဘီပိုးအမြစ်ပြတ် ပျောက်ကင်းမှာလားလို့ လူနာတွေက မေးလေ့ရှိပါ တယ်။ ဘီပိုးအမြစ်ပြတ်ပျောက်ကင်းဖို့ အာမမခံပါဘူး။ ဘီပိုးက လက်ရှိအခြေအနေမှာ ကုသမှုက HIV
လိုပဲ၊ ကုသမှုကို ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ ဘယ်သူမှမသိသေးပါဘူး။ ဒီတော့ ဆရာဝန်ကရပ်လို့ မပြောမချင်း ဆက်သောက်ရပါမယ်။ အသည်းရောင်အသားဝါစီပိုးလို အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ဆေးမျိုး ပေါ်ပေါက်လာတဲ့အထိ သောက်ရပါမယ်။ ဘီပိုးရှိသူတွေမှာ ဒီပိုးသတ်ဆေးပေးတာက အသည်းခြောက်ခြင်း၊ အသည်းထိခိုက်ခြင်းနဲ့ အသည်းကင်ဆာမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ပေးတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top