Healthy Life Ad
International

၆ပေါင်အလေးချိန်ရှိ ပါးစပ်အကျိတ်နှင့်မိန်းကလေး အမေရိကန်သို့ သွားရောက်ဆေးကုသခွင့်ရရှိ

၊ မိုးမင်းထွန်း ၊

ဂမ်ဘီယာနိုင်ငံမှ အသက် ၁၂နှစ်အရွယ် ဂျနက်ဆီးလ်ဗားမှာ ပါးစပ်အကျိတ်ကြီးပေါ်ထွက်လာတာ ၃ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အကျိတ်ကြောင့် စကားမပြောနိုင်၊ ကောင်းကောင်းမစားနိုင်၊ ပါးစပ်မပိတ်နိုင်ဖြစ်နေခဲ့ပါတယ်။ အသက်ရှူရခက်ခဲလာနေကာ ကုသမှုမခံယူရင် အသက်ဆုံးရှုံးရမယ့်အန္တရာယ်ရှိနေပါတယ်။

ဂျနက်ရဲ့အခြေအနေကို တွေ့ရှိသွားတဲ့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန်တွေနဲ့ဆက်သွယ်ကာ ဆေးကုစရိတ်အကုန်အကျခံကာ ခေါ်ဆောင်သွားခဲ့ပါတယ်။ ၁၂နာရီကြာခွဲစိတ်မှုအတွင်း ဆရာဝန်တွေက ဂျနက်ရဲ့ပါးစပ်မှ အကျိတ်ကိုဖယ်ရှားပေးခဲ့သလို ခြေထောက်မှအရိုးတစ်ခုရဲ့ အစိတ်အပိုင်းကို လှီးထုတ်ကာ သူ့ရဲ့မေးရိုးကိုလည်း ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။ နောက်ထပ်အသေးစားခွဲစိတ်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။

ဂျနက်ရဲ့အခြေအနေက ကောင်းမွန်နေပြီဖြစ်ကာ လာမယ့်အပတ်အတွင်း ဂမ်ဘီယာနိုင်ငံသို့ ပြန်နိုင်တော့မယ်လို့သိရပါတယ်။ အကျိတ်ဖြစ်ရခြင်းအကြောင်းကို တိတိကျကျမသိရှိပေမယ့် မသန့်ရှင်းတဲ့ရေကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top