Healthy Life Ad
Q & A

လေဖြတ်ခြင်း (Paralysis)

မေး. ဆရာ လေဖြတ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ။

ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။

ဖြေ. – Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေကများတယ်။ အာရုံကြောစနစ်၊ အထူးသဖြင့် ခါးရိုးမကြီးထဲက အာရုံကြောမှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။

– Trauma with nerve injury ထိခိုက်ဒဏ်ရာ၊ Poliomyelitis ပိုလီယိုရောဂါ၊ Cerebral palsy မျက်နှာတခြမ်းလေဖြတ်တာ၊ Peripheral neuro-pathy အဖျားပိုင်းအာရုံကြောရောဂါ၊ ALS, Botulism, Spina bifida, Multiple sclerosis, Guillain-Barré syndrome ဆိုတဲ့ ရှားပါးရောဂါတွေကနေ လေဖြတ်နိုင်တယ်။

– Temporary paralysis ယာယီလေဖြတ်တာကို REM sleep အိပ်စက်ခြင်းမှာဖြစ်တယ်။

– Pseudoparalysis အတုလေဖြတ်တာလဲရှိတယ်။

– ကလေးတွေဆိုရင် Congenital syphilis ဆစ်ဖလစ်ကြောင့် ဖြစ်မယ်။

– လူတွေအများဆုံးပြောလေ့ရှိတာက Stroke ဦးနှောက်-သွေးကြောရောဂါ၊ Brain hemorrhage ဦးနှောက်ထဲ သွေးကြောယိုတာနဲ့ Brain tumor ဦးနှောက်ကင်ဆာတွေ ဖြစ်တယ်။

ဖြစ်တော့မယ်ဆိုတာ တချို့က ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာမရှိတာကများတယ်။ ဖြေးဖြေး ဆိုးလာသူတွေရှိသလို၊ ချက်ချင်းဆိုးသူတွေလဲ ရှိတယ်။

ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက်အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာ ဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုး သလဲအပေါ်မှာ မူတည်တယ်။

– သတိတရားလျော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊

– နားအကြား အားနည်းသွားခြင်း၊

– အရသာ ပျက်လာခြင်း၊

– ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊

– ချွေးစီးပြန်ခြင်း၊

– စိတ်မကြည်မလင် ရှုပ်ထွေးလာခြင်း၊

– မှတ်ဉာဏ်နည်းလာခြင်း၊

– အစာမျိုရခက်လာခြင်း၊

– အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊

– ခေါင်းမူးခြင်း၊

– ဆီး-ဝမ်း မထိန်နိုင်ခြင်း၊

– ကိုယ်ကို မထိန်းနိုင်ခြင်း၊

– ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊

– ကြွက်သားတွေ အားနည်းလာခြင်း၊

– ထုံကျင်လာခြင်း၊

– စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊

– လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top