Healthy Life Ad
Q & A

ရုတ်တရက် နှလုံးအတက်ရရင် ဘာလုပ်ရမလဲ (Acute Heart Attack Treatment)

မေး. ဆရာရုတ်တရက် နှလုံးအတက်ရခြင်း (Acute heart attack)ကို ပြုစုကုသနည်းလေးသိပါရစေ။

ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။

ဖြေ. (၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်)နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။

(၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့ တုန်ခါမှုအတွက်ကုမှုပေးဖို့ပြင်ဆင်ပါ။

(၃) MI နှလုံးသွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-segment elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေ ထပ်လုပ်ရမယ်။ cardiac enzymes နှလုံးအင်ဇိုင်းမ်တွေ များနေမယ်။

– Blocked coronary artery နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂နည်းရှိတယ်။ (က) Thrombolytic therapy နဲ့ (ခ) Angioplasty with stenting တွေဖြစ်တယ်။

– Thrombolytic therapy မှာ ဆေးပေးမယ်။ Activase (t-PA), Streptokinase, Urokinase, or Anistreplase ဆေးတွေက သွေးခဲနေတာကို ပျော်သွားစေမယ်။ ၅၀% နီးပါးအောင်မြင်တယ်။ ဆေးကို စောစောပေးနိုင်လေကောင်းလေဖြစ်တယ်။ ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ သွေးယိုမယ်။

– Rapid angioplasty နဲ့ Stenting (စတန့်) ထည့်တာကိုပိုလုပ်လာတယ်။ ၈၀% အောင်မြင်တယ်။ အထူးဆေးရုံမှာသာ လုပ်လို့ရတယ်။

– ဘယ်နည်းရွေးရွေး ပိတ်နေတာကို ပွင့်သွားဖို့ဖြစ်တယ်။

တခြားလုပ်စရာတွေလဲရှိသေးတယ်။

(၁) Aspirin အက်စပရင်ဆေးသောက်ရမယ်။ ဆေးကနေ သွေးမှုံလေးတွေရဲ့ စေးကပ်မှုကိုနည်းစေမယ်။

(၂) Heparin (ဟက်ပါရင်) ဒါမှမဟုတ် တခြား Blood thinner သွေးကျဲဆေး သွေးကြောထဲ ထိုးပေးခြင်းကို ပဌမ ၂၄ နာရီအတွင်း လုပ်ပေးတယ်။ Anticoagulant drugs သွေးမခဲဆေး ခေါ်တယ်။

(၃) Beta blockers (ဘီတာဘလော့ကား) ဆေးက Adrenaline ကိုသက်ရောက်လို့ အထောက်အကူပေးတယ်။ ဒါပေမဲ့ Lung disease အဆုတ်ရောဂါ၊ Severe heart failure နှလုံးဆိုးဆိုးဝါးဝါး အလုပ်မလုပ်နိုင်တော့တာနဲ့ Heart rate နှလုံးခုန်နှေး ရောဂါရှိနေသူတွေကိုတော့မပေးရဘူး။ ပေးရင် (အတက်ခ်)ရပြီး နောက်နေ့ကနေစပေးမယ်။

(၄) ACE Inhibitors ဆေးကို ၂၄ နာရီအတွင်းပေးတယ်။

(၅) Statins (စတာတင်) ဆေးကို ဆေးရုံ မဆင်းခင်မှာစပေးတယ်။ နှလုံးသွားသွေးကြောရောင်တာ သက်သာစေမယ်၊ Artery plaques သွေးခဲပြားကို တည်ငြိမ်စေမယ်။

– အရေးအပါဆုံးဟာ ၂၄ နာရီဖြစ်ပါတယ်။

– ဒိနောက်တော့ Cardiac arrest နှလုံးရပ်သွားမှာကို ကာကွယ်ရမယ်။ နှလုံးကြွက်သားတွေကို ဆက်မပျက်စီးအောင် ကာကွယ်ရမယ်။ နောက်ထပ် သွေးခဲမှာကို ကာကွယ်ရမယ်။

– တခါကို ကျော်လွှားခဲ့နိုင်ပေမဲ့ လူနေမှုပုံစံ ပြောင်းပြစ်လိုက်တော့တာနဲ့ ဆေးနဲ့သာနေရမယ်ဆိုတာ လိုက်နာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top