Healthy Life Ad
Humour

သိပ်ချစ်တတ်တဲ့ ကိုကိုမို့ပါ . . .

“ကိုကို . . ချစ်မှာလိုက်တဲ့ ချောကလက်ပါလားဟင်”

“အေးကွာ.. ဒီနေ့ အလုပ်ပင်ပန်းတာနဲ့ မဝယ်လာမိဘူး”

နောက်တစ်နေ့ . . .

“ကိုကို . . ဒီနေ့ရော ချောကလက်ပါလားဟင်”

“အေးကွာ ဒီနေ့လည်း နောက်ကျတာနဲ့ မဝယ်လာမိဘူး”

နောက်တစ်နေ့ . . .

“ကိုကို ဒီနေ့ရော ဝယ်လာလားဟင်”

“ဒီနေ့တော့ မေ့သွားလို့မဝယ်လာမိဘူးကွာ”

နောက်တစ်နေ့ . . .

“ကိုကို ချောကလက်ပါလားဟင်”

“ဒီနေ့တော့ စတိုးဆိုင်ဝင်ခဲ့ပါတယ်… အဲဒီဆိုင်မှာ ချောကလက်မရှိဘူးချစ်ရ.. သကြားလုံးတွေပဲရှိတာ”

“ဒါဆိုလည်း သကြားလုံးပဲ ဝယ်ခဲ့ပါတော့လား ကိုကိုရယ်”

“ပြီးပြီးရော ကိုကိုမလုပ်ချင်ဘူး… ချစ်အရမ်းကြိုက်တဲ့ ချောကလက်ပဲ ကိုကိုက ဝယ်ကျွေးမှာဟုတ်ပြီလား”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top