Healthy Life Ad
Health Tips

ပူပင်သောက လျော့ပါးစေမည့် သိပ္ပံနည်းကျ သက်သေပြထားသော နည်းလမ်း ၆ သွယ်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

နည်းလမ်း (၁) တစ်ည ၇-၉ နာရီ အိပ်စက်ခြင်း
အိပ်ရေးပျက်တာနဲ့ ကောင်းကောင်း အိပ်မပျော်တာတွေက တစ်နေ့တာအတွင်း ပူပင်စိတ်ကို တိုးစေပါတယ်။ ညဘက်မှာ အိပ်ချိန်ပုံမှန်ရှိပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူနိုင်ဖို့ ညဘက်မှာ ပရိုတင်းပါတဲ့ အသား၊ နွားနို့ချိုချိုသောက်ပါ။ မအိပ်ခင် ၂-၃ နာရီအလိုမှာ အရက်ရှောင်ပါ။

နည်းလမ်း (၂) ဗီတာမင် B6 ပါသည့်အစားအသောက်များမှီဝဲခြင်း
ဗီတာမင် B3 ၊ ဗီတာမင် B12၊ ဗီတာမင် B6 ၊ ဇင့် (သွပ်)ဓာတ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေက ပူပင်သောကများတာကြောင့် ဖြစ်တဲ့ ဝေဒနာလက္ခဏာတွေကို လျော့ကျစေပါတယ်။

နည်းလမ်း (၃) နေ့တိုင်း စိတ်ထဲရှိသမျှ ချရေးခြင်း
နေ့တိုင်းစိတ်ထဲ ခံစားရသမျှ ပူပင်သောကနဲ့ စိုးရိမ်စိတ်ဖြစ်ပေါ်တာတွေကိုချရေးလိုက်ပါ။ ဒါက စိတ်အေးချမ်းပြီး စိတ်အပန်းပြေစေပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေ၊ အကြောင်းအရာတွေကိုချရေးတာက ဒါနဲ့ဆက်စပ်သမျှ ပူပင်သောကပြင်းအားကို လျော့ကျစေပါတယ်။

နည်းလမ်း (၄) မိနစ် ၃၀ ခန့် နေခြည်နုနုခံယူခြင်း
သဘာဝနေရောင်ခြည်နဲ့ ထိတွေ့တာက ဦးနှောက်ကနေ ဆီရိုတိုနင်ထွက်ရှိမှုတိုးစေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ပူပင်သောကနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေ၊ ကြောက်ရွံ့ထိတ်လန့်စိတ်တွေက နေခြည်နုနုမရရင် ပိုဆိုးတတ်ပါတယ်။

နည်းလမ်း (၅) အခန်းရှင်းခြင်း
ကိုယ်နေတဲ့ ပတ်ဝန်းကျင်၊ အခန်းတွေရှုပ်ပွနေရင် ဦးနှောက်ဆီကို တစ်ခုခု လုပ်ဖို့လိုအပ်ကြောင်း အချက်ပြသင်္ကေတ ပို့နေပါတယ်။ အဲဒီလိုရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်က စိုးရိမ်သောကကိုတိုးစေပါတယ်။

နည်းလမ်း (၆) အခွံချွတ်ကောက်နှံစာများကို လျှော့စားခြင်း
အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်(ဆန်ဖြူ၊ ပေါင်မုန့်ဖြူ) စတာတွေကိုများများစားလွန်းရင် သွေးတွင်းသကြားဓာတ်မြင့်လိုက်ကျလိုက် ဖြစ်စေနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ ပူပင်သောကများတာလို ဝေဒနာတွေကို တိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top