Healthy Life Ad
Q & A

ဆီးချိုသွေးချိုရောဂါနှင့် တညင်းသီး

မေး. ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေက တညင်းသီးစားလို့ရပါသလား ဆရာ။
ဒေါ်မြမေ၊ ပြည်။

ပါမောက္ခ ဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။)

ဖြေ. တညင်းသီးက ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစာပါ။ ဆီးချိုသွေးချိုရောဂါကလည်း နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိခိုက်တတ်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေက တညင်းသီးကို ဆင်ခြင်သင့်ပါတယ်။ အကြောင်းကတော့ တညင်းသီးမှာ ပါဝင်တဲ့ ဂျင်ကောလစ်အက်စစ်ကြောင့် ကျောက်ကပ်ထိခိုက်ရတာ ဖြစ်ပါတယ်။ ကျောက်ကပ်မထိသေးဘူး၊ တညင်းသီးကို စားချင်လွန်းလို့ မရှောင်နိုင်ဘူးဆိုရင် ဆီးချိုရောဂါရှိသူတွေက တစ်ခါတလေမှ တစ်လုံး-နှစ်လုံးထက် ပိုမစားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top