Healthy Life Ad
Health Tips

သင့်မှာ အိပ်စက်မှုအကြွေး ဘယ်လောက်ရှိသလဲ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

နေ့ခင်းမှာ သင်ဘယ်လောက်အိပ်သလဲ၊ ဘယ်လို အိပ်ငိုက်သလဲဆိုတာသိအောင် အောက်ပါအခြေအနေတွေကို ဆန်းစစ်ကြည့်ပါ။ ဒီအခြေအနေတွေက သင်အိပ်ရေးဝသလား၊ အိပ်ဖို့ လိုအပ်နေသလားစတာတွေကို သိနိုင်မှာဖြစ်ပါတယ်။

(၁) ထိုင်ခြင်းနှင့် စာဖတ်စဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၂) တီဗီကြည့်စဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၃) စာသင်ခန်း၊ အစည်းအဝေးစသော လှုပ်ရှားမှုမရှိသည့်နေရာတွင် ထိုင်စဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၄) ကားထဲမှာ ခရီးသည်အဖြစ် တစ်နာရီကြာ ထိုင်ရစဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၅) နေ့ခင်းအနားယူရန်လဲလှောင်းစဉ် အိပ်ပျော်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၆) ဖုန်းထိုင်ပြောစဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၇) နေ့လယ်စာစားပြီး ငြိမ်သက်စွာထိုင်စဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

(၈) ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားထဲထိုင်နေရစဉ် အိပ်ငိုက်ခြင်း

– လုံးဝ မဖြစ်ပါ (ဝ မှတ်)

– အနည်းငယ် (၁ မှတ်)

– အသင့်အတင့် (၂ မှတ်)

– အပြင်းအထန် (၃ မှတ်)

သင့်ရမှတ်များကို ဆန်းစစ်ကြည့်ပါ

– သင့်ရမှတ်က ဝ-၅ မှတ်ဆိုလျှင်

ကောင်းပါတယ်။ ဒီအတိုင်း ဆက်လက်ထိန်းသိမ်းသွားပါ။ အိပ်ရေးဝပြီး အိပ်စက်မှုအကြွေးမရှိပါဘူး။

– သင့်ရမှတ်က ၆-၁၁ ဆိုလျှင်

သိပ်မဆိုးပါဘူး။ ဒါပေမဲ့ ညည နာရီဝက်စောပြီးအိပ်ရာဝင်ပါ။ ဒါဆိုရင် နေ့ခင်းဘက်မှာ လန်းဆန်းနေပါလိမ့်မယ်။

– သင့်ရမှတ်က ၁၂-၁၇ ဆိုလျှင်

အန္တရာယ်ဇုန်ထဲ ရောက်လုဆဲဆဲပါပဲ။ ညဘက်အိပ်ရေးဝ၀ အိပ်စက်ဖို့လိုပါတယ်။ ညည နှစ်နှစ်ခြိုက်ခြိုက်အိပ်တာက ကျန်းမာရေးကိုကောင်းစေပါတယ်။

– သင့်ရမှတ်က ၁၈ကျော်နေလျှင်

အန္တရာယ်ရှိနေပါပြီ။ နာမကျန်းမဖြစ်ခင် ကောင်းကောင်းအိပ်စက်နိုင်ဖို့ အလုပ်နဲ့ဝေးရာကို ခဏသွားပြီး အပန်းဖြေလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top