Healthy Life Ad
Q & A

ဆစ်ဖလစ်ပိုးကုသမှုနဲ့ ပတ်သက်၍ . . .

မေး ။ ကျွန်တော်သည် ပုံမှန်သွေးလှူနေကျ လူတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ။ ပုံမှန်သွေးလှူနေရင်းနဲ့ ၉ကြိမ်မြောက်အရောက်မှာ ဆေးရုံကVDRL Comfirm လုပ်ဖို့ အကြံပြုလာပါတယ်။ ကျွန်တော်လည်း အံ့သြမိပါတယ်။ တွဲဖက်မှာလည်း VDRL မရှိပါ။ ပြတ်သွားတာလည်း တနှစ်လောက်ရှိနေပါပြီ။ အပျော်အပါးလိုက်စားတဲ့ အလေ့အကျင့်မျိုးလည်း မရှိပါဘဲ သေချာအောင် ၂နေရာ စစ်လိုက်တော့ Positive ပါ။ တစ်ပတ်တစ်ခါ ဆေးထိုးတာ သုံးခါထိုးပြီးပါပြီ။ VDRLပြန်စစ်တော့ reactivate လို့ ပြပါတယ်။ မေးကြည့်တော့ တစ်ပတ်ဘဲခြားသေးလို့ပြောပါတယ်။ လက်ရှိဆေးသောက်နေပါတယ်။ တကယ်လို့ဆေးသောက်ပြီးထပ်စစ်လို့ VDRL ဆိုရင်ကော နောက်ထပ်ကုဖို့ နည်းလမ်းရှိပါသလား။ ကုလို့ကော ရနိုင်ပါသလားခင်ဗျာ။ VDRL လက္ခဏာတော့ ထူးထူးခြားခြားဘမှမပြပါ။ လိင်အင်္ဂါမှာ အရည်ဖုလို သေးသေးလေးတွေထွက်တာကလွဲပြီး ထိုအဖုတွေကလည်း မတိုးလာသလိုပျောက်လဲမသွားပါ။ ကျန်တာ ထူးထူခြားခြား ဘယ်လိုမှမခံစားရပါဘူး ခင်ဗျာ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ VDRL ဆိုတာ အများအားဖြင့် ဆစ်ဖလစ်ပိုးကို တိုက်တဲ့ Antibody ကို စစ်တာပါ။ ပိုးရှိတယ်ဆိုရင် အများစုက ဘေးမကင်းတဲ့ လိင်ဆက်ဆံမှုလုပ်ဖူးသလားဆိုတဲ့ ရာဇဝင်က အရေးကြီးပါတယ်။ ဒါမျိုးလုပ်ဖူးတယ်ဆိုရင်တော့ ပိုးဝင်သွားနိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါ ပထမအဆင့်၊ ဒုတိယအဆင့်တွေမှာ လက္ခဏာက ထင်ထင်ရှားရှား သတိမထားမိလိုက်ရင်မသိဘဲ ဆစ်ဖလစ်ရောဂါရှိနေနိုင်ပါတယ်။ အရေးကြီးတာက ဘေးမကင်းတဲ့ လိင်ဆက်ဆံမှုလုပ်ခဲ့ဖူးသလားဆိုတဲ့ ရာဇဝင်ပါပဲ။ ဒီလိုရှိဖူးရင် ပိုးဝင်နိုင်ပါ တယ်။ ဒါပေမဲ့ ရှားရှားပါးပါး ကိုယ်ခံစနစ် ဖောက်လွှဲဖောက်ပြန်ဖြစ်တဲ့သူတွေမှာ ဆစ်ဖလစ်ရောဂါမရှိပေမယ့်VDRL positive ဆိုပြီး ဖြစ်နေနိုင်ပါတယ်။

ဒါဆိုရင် ဆစ်ဖလစ်ရှိ၊ မရှိ သေချာအောင်ဘယ်လိုလုပ်သင့်သလဲဆိုတော့ သေချာအောင် နောက်ထပ် စမ်းသပ်စစ်ဆေးနည်းတွေနဲ့ စစ်ဆေးသင့်ပါတယ်။ ရောဂါရာဇဝင်သေချာမေးမြန်းသင့်ပါတယ်။ ဆစ်ဖလစ်ရှိ၊ မရှိသေချာတဲ့ စမ်းသပ်စစ်ဆေးနည်း (Serology Test For Syphilis)ကို ထပ်စစ်လိုက်လို့ Positive ဖြစ်ပြီဆိုရင် သေချာပေါက် ဆစ်ဖလစ်ရောဂါရှိနေတာပါ။

ဆစ်ဖလစ်ကာလသားရောဂါရှိတာ သေချာပြီ ဆိုရင် ကုသနည်းကတော့ ပဋိဇီဝပိုးသတ်ဆေးကို ၂၈ ရက်(တစ်လ)တိတိသောက်ရပါတယ်။ တစ်လ ကုလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဆစ်ဖလစ်ပိုးတွေ အကုန်သေတယ်လို့ပြေပါတယ်။ ဒါပေမဲ့VDRL မှာ Negative ဖြစ်ဖို့ဆိုရင် အများစုက ကုသပြီး ၃ လနဲ့ ၁နှစ်ကြားမှာ Negative ဖြစ်တတ်ပါတယ်။ ဒီကြားထဲမှာ ဘေးမကင်းတဲ့ လိင်ဆက်ဆံမှုကိုတော့ ရှောင်ရပါမယ်။ ဒါပေမဲ့ Serology Test For Syphilis မှာတော့ အမြဲတမ်း Positive ဖြစ်နေတတ်ပါ တယ်။ ဒီတောVDRL Reactive ဆိုတိုင်း ပိုးရှိတယ်လို့မဟုတ်တော့ပါဘူး။ အခုမေးခွန်းမှာVDRL Positive အကြောင်းပဲ မေးထားတဲ့အတွက် တခြား စစ်ဆေးမှုတွေ စစ်ဆေးဖြစ်လားဆိုတာ မသိပါဘူး။ ဒီတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top