Healthy Life Ad
Health Tips

ဦးနှောက်ကျန်းမာရေးဆိုင်ရာ သတိပေးလက္ခဏာများ

– စူး (ဆေးဝါးတက္ကသိုလ်)

ဦးနှောက်နဲ့ ပတ်သက်ပြီး အောက်ပါအခြေအနေတွေဖြစ်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁) ဦးခေါင်းထိခိုက်မှုဖြစ်ခြင်း

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး သတိမလစ်ပေမယ့် ဒါက ပြင်းထန်တဲ့ ဦးနှောက်ထိခိုက်မှု ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထိခိုက်မှု အတိုင်းအဆကို သိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်နေပါတယ်။

(၂) ခန္ဓာကိုယ်တစ်ခြမ်း ထုံခြင်း၊ ကျဉ်ခြင်းနှင့် တစ်ခြမ်းသေခြင်း

ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းမှာ ထုံတာ၊ ကျဉ်တာနဲ့ အကြောသေသလိုဖြစ်တာတွေက လေဖြတ်တာကြောင့်ဖြစ်တဲ့ အဓိကလက္ခဏာတွေပဲ ဖြစ်ကြပါတယ်။

(၃) တက်ခြင်း

တက်တဲ့အခါ လက်တွေ/ခြေတွေက အလိုလို ဆတ်ခနဲဆွဲသလိုဖြစ်တာ၊ အသိစိတ်ပြောင်းတာ၊ ကြွက်သားလှုပ်ရှားမှုတွေ ထပ်ခါထပ်ခါဖြစ်တာနဲ့ အသိစိတ်ဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်။ တက်တာက အတက်ရောဂါ (Epilepsy) ကြောင့် မဟုတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်တာဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဦးနှောက်အကျိတ်နဲ့ ဦးနှောက်ထဲက သွေးလွှတ်ကြောဖောင်းကားမှု အခြေအနေနှစ်ရပ်စလုံးဟာ အသက်အန္တရာယ်ရှိပြီး တက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။

(၄) ရုတ်တရက် ခေါင်းထိုးကိုက်ခြင်း

အလွန်အမင်း ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါဟာ လေဖြတ်တာ၊ သွေးလွှတ်ကြောပေါက်တာစတဲ့ အခြေအနေတွေကို ဖော်ပြနေတတ်ပါတယ်။

(၅) မေ့တတ်လွန်းခြင်း

တစ်ခါတလေမဟုတ်ဘဲအမြဲအလိုလို စကားပြောရင်း ဘာပြောနေမှန်း မသိတော့တာ၊ နာမည်တွေကို မကြာခဏသတိမေ့လျော့တာနဲ့ ပစ္စည်းတွေကို နေရာလွဲမှားပြီး ထားတာတွေက သက်ကြီးအတိတ်မေ့ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top