Healthy Life Ad
Health Tips

ခရမ်းသီး၏ ကျန်းမာရေးအစွမ်း

– ဇွန်

ခရမ်းသီးကို ကျွန်မတို့တွေ စားလေ့ရှိပေမယ့် ခရမ်းသီးမှာပါတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ တိတိကျကျ မသိကြပါဘူး။ တချို့ဆိုရင် ခရမ်းသီးမှာ ဘယ်လိုအာဟာရဓာတ်မှ ပါဝင်တာမျိုးမရှိဘူးလို့တောင် အထင်မှားနေတတ်ပါသေးတယ်။ ဒါကြောင့် ခရမ်းသီးမှာပါတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိအောင်ဖော်ပြပေးလိုက်ပါတယ်။

(၁) ခရမ်းသီးမှာ မရှိမဖြစ် ဗီတာမင်ဘီအုပ်စုဖြစ်တဲ့ ပန်တိုသီးနစ်အက်စစ်(ဗီတာမင် B5)၊ ပိုင်ရီ ဒေါက်ဆင်း(ဗီတာမင် B6)၊ သိုင်ယာမင်း (ဗီတာမင် B1)၊ နိုင်ယာစင်(ဗီတာမင် B3)တို့ ပါဝင်နေပါတယ်။ ဒီမရှိမဖြစ် ဗီတာမင်တွေအားလုံးက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ဖြစ်ပျက်ရေးမှာ လိုအပ်ပါတယ်။

(၂) ခရမ်းသီးမှာ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖိုးရပ်စ်၊ နိုင်ယာစင်၊ ကြေးနီ၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဖောလစ်အက်ဆစ်စတဲ့ သတ္တုဓာတ်တို့ ပါဝင်နေပါတယ်။

(၃) ခရမ်းသီးမှာ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်တာကြောင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ရေးမှာ အရေးပါနေပါတယ်။

(၄) ခရမ်းသီးကို သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောလျော့ကျစေတဲ့ အစာအဖြစ် လူသိများပါတယ်။

(၅) သလိပ်ထွက်များတာနဲ့ ရင်ကျပ်တာတွေကို သက်သာစေနိုင်ပါတယ်။

(၆) ခရမ်းသီးဟာ အိပ်မပျော်တဲ့ဝေဒနာကို သက်သာစေပါတယ်။

(၇) ငှက်ဖျားရောဂါကြောင့် ဘေလုံးကြီးတာကိုလည်း သက်သာစေနိုင်ပါတယ်။

(၈) ခရမ်းသီးမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုအလွန် နည်းပါးပေမယ့် ပျော်ဝင်တဲ့ အမျှင်ဓာတ်ကောင်းကောင်း ပါဝင်ပါတယ်။

(၉) ခရမ်းသီးအခွံမှာ Nasunin ဆိုတဲ့ အာဟာရဓာတ်ပါဝင်တာကြောင့် အစွမ်းထက်အင်တီအောက် ဆီးဒင့်တစ်မျိုးဖြစ်ကာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီကို ချေဖျက်နိုင်စွမ်းရှိပါတယ်။

(၁၀) ခရမ်းသီးမှာ အစွမ်းထက်အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ကလိုရိုဂျင်းနစ် အက်ဆစ်ပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးကာ ပိုးသတ်အာနိသင်နဲ့ မကောင်းတဲ့ ကိုလက်စထရောကျစေတဲ့ အာနိသင်တို့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top