Healthy Life Ad
Health Tips

ရေပန်းစားလာတဲ့ အင်တီအောက်ဆီးဒင့်ကို ဘယ်လိုရယူနိုင်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုခေတ်အခါမှာ အင်တီအောက်ဆီးဒင့် (Antioxidant)ဆိုတာ ခေတ်စားလာတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး တချို့လူတွေက ဒီအင်တီအောက်ဆီးဒင့်ရအောင် ဘယ်လို ရယူရမလဲဆိုတာ မသိဘဲ ဖြစ်နေကြပါတယ်။ တကယ်တော့ အိုမင်းတာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ စတာတွေကို ကာကွယ်ရာမှာ အင်တီအောက်ဆီးဒင့်က အရေးပါတဲ့နေရာမှာ ပါဝင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

ခန္ဓာကိုယ်မှာ အောက်ဆီဂျင်အသုံးပြု(Oxidation)လိုက်တဲ့အခါ ဖရီးရယ်ဒီကယ်(Free Radicals)တွေထွက်လာပါတယ်။ အဲဒီဖရီးရယ်ဒီကယ်တွေကို ချေဖျက်ဖို့ရာအတွက် အင်တီအောက်ဆီးဒင့်တွေကို လိုအပ်တာဖြစ်ပါတယ်။

အင်တီအောက်ဆီးဒင့်အမျိုးမျိုးဟာ ခန္ဓာကိုယ်ရဲ့မတူညီတဲ့ အစိတ်အပိုင်းတွေအတွက် ကောင်းကျိုးတွေပေးနိုင်ပါတယ်။ ဥပမာပြောရရင် ဘီတာကယ်ရိုတင်းနဲ့ တခြားကာရိုတီးနွိုက်တွေဟာ မျက်စိကျန်းမာရေးကိုကောင်းမွန်စေပြီး လိုင်ကိုပင်းဓာတ်က ဆီးကျိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖလေဗနွိုက်က နှလုံးကျန်းမာစေပြီး ပရိုအင်သိုဆိုင်ယာနင်ဓာတ်က ဆီးလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အင်တီအောက်ဆီးဒင့်ကို တိုးမြှင့်မှီဝဲတာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် နှလုံးပြဿနာ၊ မျက်စိဝေဒနာ၊ မှတ်ဉာဏ်ပြဿနာ၊ စိတ်ခံစားမှုဆိုင်ရာဝေဒနာတွေနဲ့ ကိုယ်ခံစွမ်းအားစနစ်ဆိုင်ရာ ပြဿနာတွေအတွက် အင်တီအောက်ဆီးဒင့်က အရေးပါပါတယ်။

အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားသော အစာများ

လက်ဖက်စိမ်းလက်ဖက်ရည်၊

ဘလူးဘယ်ရီသီး

ခရမ်းချဉ်သီး

ဝိုင်နီ

စတော်ဘယ်ရီသီး

ပဲမည်းစေ့

ဂေါ်ဖီချဉ်

သစ်ကြံပိုးခေါက်

လက်ဖက်ရည်ကြမ်း

တလည်းသီး

ပဲပိစပ်

အဆီများတဲ့ငါး

အချဉ်အရသာရှိတဲ့ အသီးအနှံတို့ဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top