Healthy Life Ad
International

အော်ပရာဝင်းဖရေး၏ အိပ်စက်မှုဆိုင်ရာ ဆရာဝန်က စစ်မှန်သောအိပ်စက်နည်း အမူအကျင့်များမျှဝေ

၊ ကိုထက် ၊

အိပ်စက်မှုပြဿနာကို ခံစားနေရသူတွေအတွက် အော်ပရာဝင်းဖရေးရဲ့ အိပ်စက်မှုဆိုင်ရာ ဆရာဝန် Dr Michael ကအခုလို လမ်းညွှန်ချက်တွေ မျှဝေထားပါတယ်။

သြစတြေးလျလူမျိုး ၈၃ ရာခိုင်နှုန်းက နေ့ဘက်မှာ စိတ်နဲ့ ကိုယ်ဖြေလျှော့မှုတွေမလုပ်တာကြောင့် ညဘက်မှာ အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရပါတယ်။ အိပ်ပျော်ဖို့ ကဖင်း၊ အယ်လ်ကိုဟောနဲ့ နီကိုတင်းကိုဆင်ခြင်ရပါမယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။

စစ်မှန်သော ညအိပ်ချိန် အမူအကျင့်များ

အိပ်ရေးဝ၀ အိပ်မောကျစေဖို့အတွက် တစ်နာရီကြိုတင်သတ်မှတ်ပါ။

ပထမဆုံး မိနစ် ၂၀-တစ်ညတာလုပ်လက်စအလုပ်တွေကို ပြီးဆုံးအောင် လုပ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ ဖုန်းပြောစရာရှိရင် ပြောလိုက်ပါ။

ဒုတိယ မိနစ် ၂၀-မိတ်ကပ်သန့်စင်တာ၊ သွားတိုက်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေ လုပ်ပေးပါ။

တတိယ မိနစ် ၂၀-ခန္ဓာကိုယ်အပန်းပြေစေဖို့ ထိုက်ချိလေ့ကျင့်ခန်းလုပ်တာ၊ အကြောဆွဲဆန့်တာ၊ ကြွက်သားပျော့ပျောင်းအောင် လုပ်ဆောင်တာနဲ့ တရားထိုင်တာတို့ကို လုပ်ဆောင်ပေးပါ။

Dr Michael ၏ အိပ်စက်မှုအတွက် ထိပ်တန်းအကြံပြုချက်များ

ညဘက်အိပ်ရေးဝ၀ အိပ်ပျော်ဖို့ နေ့ခင်းဘက်မှာ လိုက်နာသင့်တာတွေကို အဓိက အကြံပေးထားပါတယ်။

နေ့ခင်း တစ်ရေးအိပ်ပါ- နေ့လယ်အိပ်ချင်ရင် ဘလက်ကော်ဖီတစ်ခွက်သောက်ပါ။ သောက်ပြီးပြီးချင်း ၂၅မိနစ်လောက် တစ်ရေးအိပ်ပါ။ ကဖင်းဓာတ်က အိပ်စက်မှုကို ဟန့်တားပေမယ့် ၂၅ မိနစ်တစ်ရေး အိပ်လိုက်ရင်အိပ်ရေးဝပြီး စိတ်ခံစားမှုပိုကောင်းသွားပါတယ်။

အပြင်ထွက်ပါ- နံနက်တိုင်း နေခြည်နုနုအောက်မှာ အချိန် ၁၅ မိနစ်တာ အပြင်ထွက်ပါ။ တောက်ပတဲ့ အလင်းရောင်က အိပ်စက်မှုဆိုင်ရာ ဟော်မုန်း မယ်လတိုနင်ထွက်ရှိမှုကို ဟန့်တားပေးပါတယ်။

နောက်ပြန်ရေတွက်ပါ- ညဘက်မှာ ကိန်းဂဏန်းတွေကို ၃၀ဝ ကနေ နောက်သို့ ၂၉၉-၂၉၈ စသဖြင့် ရေတွက်တာမျိုးက သင့်ကို ပျင်းရိပြီး အိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။

ငှက်ပျောသီးရေနွေးကြမ်းသောက်ပါ- သြဂဲနစ်ငှက်ပျောသီးတစ်လုံးကို အခွံနွှာပြီး ထက်ပိုင်းပိုင်းကာ အောက်ခြေပိုင်းကို ပြုတ်ရေထဲ စိမ်ပြီး ၄ မိနစ်ခန့် ပြုတ်ပေးပါ။ ပြီးရင်သောက်ပါ။ မဂ္ဂနီဆီယမ်ပါ ဝင်မှုများတာကြောင့် စိတ်တည်ငြိမ်စေပြီး အိပ်မောကျစေပါတယ်။

မအိပ်မီ ရှောင်သင့်သည့် အဆိုးဆုံးအပြုအမူများ

အရွယ်ရောက်သူအများစုအတွက် ညဘက် လုံလောက်တဲ့ အိပ်စက်ချိန်အတိုင်းအတာက ၇ နာရီခွဲ ဖြစ်ပါတယ်။

အိပ်ရေးဝ၀ အိပ်စက်ချင်ရင် ညဘက် မီးမှိတ်ထားဖို့လိုပါတယ်။

မအိပ်ခင် အိမ်ထောင်ဖက်နဲ့စိတ်ကို လှုံ့ဆော်နိုးကြားစေမယ့် ဆွေးနွေးမှုမျိုး (ဥပမာ ဒေါသထွက်စရာရန်ဖြစ်တာမျိုး)မလုပ်သင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top