Healthy Life Ad
International

ဦးနှောက်အတွက် အကောင်းဆုံး အစာ

၊ ကိုထက် ၊

မှတ်ဉာဏ်အားကောင်းပြီး ဦးနှောက် ကျန်းမာနေစေဖို့ စားသင့်တဲ့ အစာအာဟာရတွေရှိပါတယ်။

(၁) စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်နဲ့ တခြားဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် ရောင်ရမ်းမှုကိုတွန်းလှန်နိုင်ပါတယ်။ ၂၀၁၂ လေ့လာမှုအရ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစားတဲ့ အသက်ကြီးသူဟာ ပျမ်းမျှအားဖြင့် နှစ်နှစ်ခန့်အတွင်း မှတ်ဉာဏ်စွမ်းအားလျော့ကျမှု သိသိသာသာလျော့နည်းမှုရှိကြောင်း သိရပါတယ်။

(၂) စပျစ်သီး

စင်စင်နာတီတက္ကသိုလ်ရဲ့ လေ့လာမှုအရ တွေးခေါ်နိုင်စွမ်းအား အသင့်အတင့် ထိခိုက်နေတဲ့သူတွေအနက် စပျစ်သီးဖျော်ရည် သောက်သူတွေဟာ မသောက်သူတွေထက် လေ့လာနိုင်စွမ်းအား ကောင်းမွန်ပြီး ရေတိုမှတ်ဉာဏ် သိသိသာသာ ကောင်းနေကြောင်း သိရပါတယ်။

(၃) ကန်စွန်းဥ

ကမ္ဘာ့အသက်ရှည်ဆုံး အိုကီနာဝါလူမျိုးတွေဟာ ဘီတာကယ်ရိုတင်းပါဝင်ပြီး လိမ္မော်ရောင်ဖြစ်စေတဲ့ ကန်စွန်းဥလိုအစာတွေကို စားလေ့ရှိပါတယ်။ ကန်စွန်းဥမှာ အစွမ်းထက်အင်တီအောက်ဆီးဒင့်လည်း ပါဝင်တာကြောင့် ဦးနှောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီလည်း ပါတဲ့အတွက် သူငယ်ပြန် မှတ်ဉာဏ်လျော့နည်း ရောဂါမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ အလတ်စားကန်စွန်းဥတစ်လုံးမှာ ၁၀ဝ ကယ်လိုရီနဲ့ ဘီတာကယ်ရိုတင်း ၁၄ မီလီဂရမ် ပါဝင်တာကြောင့် တစ်နေ့လုံးလိုအပ်တဲ့ ဘီတာကယ်ရိုတင်း ပမာဏရဲ့ နှစ်ဆရှိပါတယ်။

(၄) ဆယ်လ်မွန်ငါး

ဦးနှောက် ၆၀ ရာခိုင်နှုန်းကျော်က အဆီတွေဖြစ်ပြီး ဦးနှောက်ဖြစ်စေတဲ့ ဖက်တီးအက်စစ် အများစုဟာ DHAလို့ ခေါ်တဲ့ အိုမီဂါ ၃ အဆီ တစ်မျိုးဖြစ်ပါတယ်။ ဒီအဆီပါဝင်မှု အကောင်းဆုံးအစာက ဆယ်လ်မွန်ငါးဖြစ်ပြီး DHA က ဦးနှောက်အာရုံကြောတွေကို ရောင်ရမ်းမှုကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဦးနှောက်ဆဲလ်တွေ အကြားဆက်သွယ်မှုကို မြန်စေပြီး မှတ်ဉာဏ်ကောင်းကာ အာရုံစူးစိုက်နိုင်စွမ်း တိုးစေပါတယ်။ လေ့လာမှု အရ DHA နဲ့ EPA အနည်းငယ်ရှိသူတွေက ပမာဏ များများရှိသူတွေထက် မှတ်ဉာဏ်စမ်းသပ်မှုမှာ အားနည်းပြီး ဦးနှောက် အိုမင်းမှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး နှစ်ကြိမ်ခန့် စားပါ။

(၅) ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဖောလိတ်ဓာတ် ပါဝင်တာကြောင့် ဦးနှောက်စွမ်းအားကို အားကောင်းစေပါတယ်။ နယ်သာလန်မှာ ပြုလုပ်တဲ့ သုံးနှစ်တာ လေ့လာမှုအရ အသက် ၅၀-၇၀ နှစ်အရွယ်တွေ ဖောလိတ်အားဖြည့်ဆေး မှီဝဲတဲ့အခါ မှတ်ဉာဏ်က သိသိသာသာကောင်းမွန်လာပြီး တွေးခေါ်နိုင်စွမ်းကလည်း သိသိသာသာ တိုးတက်မှုရှိတယ်လို့သိရပါတယ်။ ဖောလိတ်ဓာတ်က ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ကျန်းမာစေပြီး နာတာရှည်ရောဂါဝေဒနာတွေဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top