Healthy Life Ad
Health Tips

၀မ်းချုပ်တတ်သူတို့အတွက် ဝမ်းနုတ်ဆေးအစွမ်းရှိ သဘာဝအစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမ်းချုပ်တဲ့အခါ နေလို့ထိုင်လို့ မအီမသာဖြစ်စေပါတယ်။ ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဝမ်းနုတ်ဆေး အစွမ်းရှိတဲ့ သဘာဝအစာတွေကို စားပေးသင့်ပါတယ်။


(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ထဲမှာပါတဲ့ အန်သရာကွီနုန်းက အူလမ်းကြောင်းမှာ ရေဓာတ်ပမာဏများစေပြီး ဝမ်းနုတ်ဆေးအစွမ်းရှိပါတယ်။ အူလမ်းကြောင်း အချွဲတွေကို ကင်းစင်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။


(၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

မဂ္ဂနီဆီယမ်က ဝမ်းပျော့ပျော့သွားစေတဲ့ သဘာဝ ဝမ်းနုတ်ဆေးပါ။ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။


(၃) အကျိုးပြုဘက်တီးရီးယားပါ အစာများ

အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်လို အစာတွေက အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းစနစ် ပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတို့ကိုပါ ကင်းစင်စေပါတယ်။


(၄) အမျှင်ဓာတ်များသည့် သစ်သီးဝလံများ

လူအများစုအတွက် သစ်သီးဝလံတွေက ဗိုက်ပြည့်စေတဲ့အပြင် ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။


(၅) အုန်းရေ

အုန်းရေက ကျန်းမာရေးနဲ့ ညီညွတ်အောင် ဓာတ်ဆားအဆင့်ကို ဟန်ချက်ညီစေတဲ့အပြင် ရေဓာတ်ခမ်းခြောက်တာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းသန့်စင်စေပြီး ဝမ်းချုပ်တာကို လည်းသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top