Healthy Life Ad
Life Style

ရေတွင်းထဲက ခွေးလေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခွေးမကြီးနဲ့ သူ့သားသမီးခွေးပေါက်စလေးတွေက လယ်ကွင်းတစ်ခုထဲ နေကြပါတယ်။ အဲဒီ လယ်ကွင်းထဲမှာ ရေတွင်းကြီးတစ်တွင်းရှိတော့ မိခင်ခွေးမကြီးက သူ့ကလေးတွေကို ရေတွင်း အနီးမသွားဖို့၊ ရေတွင်းအနားမှာ မကစားဖို့ သတိပေးထားတယ်။ ဒါပေမဲ့ ခွေးပေါက်စလေးတွေထဲက တစ်ကောင်က ရေတွင်းထဲ ဘာကြောင့် မသွားသင့်တာလဲဆိုတာကို စူးစမ်းရှာဖွေချင်စိတ်နဲ့ ရေတွင်းထဲကိုသွားခဲ့တယ်။

ရေတွင်းထဲငုံ့ကြည့်လိုက်တော့ ရောင်ပြန်တဲ့အနေနဲ့ သူ့ကိုယ်သူပြန်မြင်ခဲ့ပေမယ့် ခွေးပေါက်စကတော့ တခြားခွေးတစ်ကောင်လို့ပဲ ထင်နေခဲ့တယ်။ သူလုပ်သမျှ လိုက်လုပ်နေတဲ့အတွက် သူ့ကို အတုယူရကောင်းလားဆိုပြီး ဒေါသထွက် စိတ်တိုနေခဲ့တယ်။ ဒါနဲ့ အဲဒီခွေးကို တိုက်ခိုက်ဖို့ သူဆုံးဖြတ်ခဲ့ပြီး ရေတွင်းထဲကို သူဆင်းခဲ့တယ်။ အဲဒီမှာ ခွေးတစ်ကောင်ကိုမှ သူရှာလို့ မတွေ့ခဲ့ဘူး။

သူလည်း ကြောက်အားလန့်အားနဲ့ ဟောင်လိုက်၊ ရေထဲမှာ ယက်ကန်ယက်ကန် ကူးခတ်လိုက်နဲ့ ဗျာများနေရှာတယ်။ နောက်ဆုံးမှာ လယ်သမားရောက်လာပြီး သူ့ကို ကယ်တင်ပေးမှပဲ သူ လွတ်မြောက်သွားတော့တယ်။

ဒီတော့မှ ခွေးပေါက်စလေးဟာ လူကြီးမိဘပြောဆိုတားမြစ်တာကို အမြဲတမ်းနားထောင်သင့်တယ်ဆိုတာကို သဘောပေါက်နားလည်သွားပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top