Healthy Life Ad
Health Tips

အိမ်ပြောင်းရွှေ့ရခြင်းကြောင့် စိတ်ဖိစီးမှု လျော့ကျစေမည့် နည်းခြောက်သွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ပြောင်းရွှေ့ရတာက ဘဝမှာစိတ်ဖိစီးမှု ဖြစ်ရတဲ့ အကြောင်းတွေထဲကတစ်ခုပါ။ အိမ်ပြောင်းရမယ်ဆိုတဲ့ စိတ်နဲ့တင် လေးလံနေတဲ့ အပြင် အိမ်ထဲက တိုလီမုတ်စပစ္စည်းတွေကို ကြည့်ပြီး ဘယ်လိုသိမ်းဆည်းရပါ့မလဲလို့လည်း စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါတယ်။ အိမ်ပြောင်းရွှေ့တာကြောင့် စိတ်ဖိစီးမှုအနည်းဆုံး ဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) တတ်နိုင်သမျှ ကြိုတင်စီစဉ်ပါ
အိမ်ပြောင်းရွှေ့မှုမလုပ်ခင်အသုံးအဆောင်တွေထည့်မယ့် သေတ္တာ၊ ပုံး စတာတွေကို ကြိုတင်စုဆောင်းထားပါ။ အဲဒါတွေကို ခုတင်အောက်၊ ဂိုဒေါင်ထဲထားရှိပါ။ ဒါဆိုရင် အလွယ်တကူရှာနိုင်ပါလိမ့်မယ်။ ဘယ်ပစ္စည်းကို ဘယ်ထဲထည့်မယ်ဆိုတာလည်း စဉ်းစားထားပါ။

(၂) သယ်ယူပို့ဆောင်ရေးအတွက် ကြိုတင်ငှားရမ်းပါ
အိမ်မပြောင်းခင်တစ်လလောက် အလိုကတည်းက သယ်ယူပို့ဆောင်ပေးမယ့် အိမ်ငှားဝန်ဆောင်မှုလုပ်ငန်းကို ကြိုငှားထားပါ။ ဒါဆိုရင် စိတ်ဖိစီးမှုအတန်အသင့် လျော့သွားပါလိမ့်မယ်။

(၃) မရှိမဖြစ်မဟုတ်သော အသုံးအဆောင်များကို ကြိုတင်ထုပ်ပိုးထားပါ
အိမ်မပြောင်းရွှေ့ခင်တစ်လခန့် ကြိုတင်ပြီး မရှိမဖြစ်မဟုတ်တဲ့ အသုံးအဆောင်တွေကို ထုပ်ပိုးထားပါ။ ဥပမာ ပြောရရင် ဓာတ်ပုံတွေ၊ ပန်းချီကားတွေစတာတွေကို အရင်ဆုံး ထုပ်ပိုးထားသင့်သလို မပုပ်သိုးနိုင်တဲ့စားစရာတွေကိုလည်း ထုပ်ပိုးသိမ်းဆည်းထားပါ။

(၄) ပုပ်သိုးပျက်စီးလွယ်သော စားစရာများကို စားလိုက်ပါ
အိမ်ပြောင်းရွှေ့တဲ့အခါ သယ်ယူမယ့် စားစရာတွေကို ကြိုတင်ပြင်ဆင်သလိုပဲ ပုပ်သိုးပျက်စီးလွယ်တဲ့စားစရာတွေကို ချက်ပြုတ်စားလိုက်ပါ။

(၅) သေတ္တာနှင့် ပုံးများကို နံပါတ်မှတ်ထားပါ
အိမ်ပြောင်းရွှေ့တဲ့သူတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ သေတ္တာနဲ့ ပုံးတွေကို နံပါတ်တွေမှတ်ထားပြီး အထဲမှာ ဘာတွေထည့်ထားတယ်ဆိုရင် သိအောင် ရေးမှတ်ထားရင် အိမ်အသစ်မှာ နေရာချထားတဲ့အခါ ပိုအဆင်ပြေစေပါလိမ့်မယ်။

(၆) အိမ်ပြောင်းရွှေ့မည့်နေ့တွင် အစီအစဉ်များကိုချရေးထားပါ
အိမ်ရွှေ့မယ့်နေ့ မတိုင်ခင်ကတည်းက မှတ်စုစာအုပ်ထဲမှာ ဘယ်လို စီစဉ်ထားတယ်ဆိုတာ အသေးစိတ်ချရေးထားပါ။
ဒါဆိုရင် အိမ်ပြောင်းရွှေ့တဲ့အခါ ပိုပြီး အစီအစဉ်ကျသလို စိတ်ဖိစီးမှုလည်း လျော့နည်းနေပါလိမ့်မယ်။ အရေးကြီးဆုံးအချက်က သင့်အနေ နဲ့ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုမဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top