Healthy Life Ad
Women

ကလေးမွေးပြီးနောက် အရင်လို ကိုယ်လုံးအချိုးအစားပြန်ရဖို့ ဘယ်လိုနေထိုင်ရမလဲ

ကလေးမွေးပြီး ချက်ချင်းတော့ အရင်လို ကိုယ်လုံးမျိုးပြန်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ လေးပတ်အတွင်း အောက်ပါနေထိုင် စားသောက်ပုံနည်းလမ်းတွေကို လိုက်နာပေးရပါမယ်။

– သင့်ကိုယ်သင် အချိန်ပေးပါ

တတ်နိုင်သမျှ များများအနားယူဖို့ကြိုးစားပါ။ သင့်စိတ်ခံစားချက်ကို ပုံမှန်ဖြစ်အောင်နဲ့ တည်ငြိမ်အောင်ထိန်းချုပ်ပါ။ အခုလက်ရှိကိုယ့်ဘဝကော မွေးကင်းစကလေးလေးကိုပါ ကျေကျေနပ်နပ်လက်ခံလိုက်ပါ။

– မိခင်နို့ချိုတိုက်ကျွေးပါ

မိခင်နို့ချို တိုက်ကျွေးတာက တစ်နေ့မှာ ၄၀ဝ-၆၀ဝ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ မိခင်နို့ချိုကို ကလေးအလိုရှိတိုင်း တိုက်ကျွေးပါ။

– ရေများများသောက်ပါ

ရေအလုံအလောက်သောက်တာက သင့်ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေအတွက် အလွန်အရေးကြီးပါတယ်။ သင့်ကိုယ်အလေးချိန်ရဲ့ တစ်ဝက်နဲ့ညီမျှတဲ့ ရေအောင်စသောက်ပေးပါ။

– ကျန်းမာရေးနှင့် အညီ စားသောက်ပါ

အဆင်သင့်အစာမစားပါနဲ့၊ သကြားများတဲ့ အစာမစားပါနဲ့။ ပြုပြင်ထားတဲ့ အစာမစားပါနဲ့။ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာစားပါ။ တစ်နေ့မှာ ထမင်းသုံးနပ်နဲ့ သရေစာ နှစ်နပ်စားပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ။

– ဗိုက်စည်းဝတ်ပါ

ဝမ်းဗိုက်နေရာမှာ စည်းထားတဲ့ ဗိုက်စည်းကို မှန်မှန်ကန်ကန်ဝတ်တာက ဗိုက်ခွဲကလေးမွေးပြီးနောက် နာကျင်မှုကို အမြန်ဆုံးသက်သာစေသလို ဗိုက်အမြန်ချပ်စေပါတယ်။

– လမ်းလျှောက်ပေးပါ

တခြားလေ့ကျင့်ခန်းတွေလုပ်ဖို့ မလွယ်သေးတဲ့အတွက် လမ်းလျှောက်ပေးပါ။ ဒါက သင့်ကိုယ်လုံးကို ကလေးမမွေးခင်ကလို ပုံစံမျိုး အမြန်ပြန်ဖြစ်စေမယ့်နည်းပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top