Healthy Life Ad
Women

တေလာဆွစ်ဖ်ရဲ့ အလှအပလျှို့ဝှက်ချက်

– လရိပ်မေ

အဆိုတော် တေလာဆွစ်ရဲ့ အသားအရေနဲ့ ဆံကေသာအလှအပကို လူအများနှစ်ခြိုက်ကြပါတယ်။ သူရဲ့ အလှအပလျှို့ဝှက်ချက်ကို လေ့လာကြည့်ရအောင်။

တေလာဆွစ်ဖ်က ညတိုင်း အိပ်ရာမဝင်ခင် ညလိမ်းခရင်မ်လိမ်းလေ့ရှိပြီး မနက်တိုင်း မိတ်ကပ်မလိမ်းခင်မှာ အစိုဓာတ်ထိန်းခရင်မ်များများ လိမ်းလေ့ရှိပါတယ်။ အပြင်သွားတိုင်း နေလောင်ဒဏ်ရာမရအောင် နေကာခရင်မ်ကိုလည်း လိမ်းတတ်သူပါ။ မိတ်ကပ်နဲ့ပတ်သက်ပြီး – “အလယ်တန်းကျောင်းသူဘဝမှာ မိတ်ကပ်လိမ်းချင်တဲ့အခါ အမေက အသားအရေမထိခိုက်အောင် လိမ်းတတ်ဖို့ သေချာသင်ပြပေးခဲ့ပါတယ်”လို့ တေလာဆွစ်ဖ်ကဆိုပါတယ်။

အိုင်းလိုင်နာ၊ မက်စ်ကာရာ၊ အညိုရောင်အိုင်းရှဲဒိုး၊ မျက်တောင်ကော့တံ၊ အစိုဓာတ်ထိန်းခရင်မ်၊ နေကာခရင်မ် . . ဒါတွေက တေလာဆွစ်ဖ်အတွက် မပါမဖြစ် မိတ်ကပ်ပစ္စည်းတွေပါ။ တေလာဆွစ်ဖ်က ဆံပင်ပြုပြင် ထိန်းသိမ်းရတာကို သဘောကျပြီး ရွှေဝါရောင်ဆံပင်ကို အခွေအလိမ်လေးတွေ ပြုလုပ်တတ်သူပါ။ နှုတ်ခမ်းနီရဲရဲနဲ့ အိုင်းလိုင်နာအချွန်လေးက သူ့စတိုင်ပါ။ နှုတ်ခမ်းနီကြာကြာခံစေမယ့် လှည့်စားနည်းက နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ တစ်ရှူးနဲ့ဖိပြီးမှ နှုတ်ခမ်းနီပြန်ဆိုးတာဖြစ်ပါတယ်။

ရေများများသောက်လေ့ရှိတဲ့ တေလာဆွစ်ဖ်က လေ့ကျင့်ခန်းကို အချိန်တစ်နာရီကြာပေးပြီး လုပ်ဆောင်လေ့ရှိသူပါ။ ကိုယ်အလေးချိန်ကို ရှိနေကျထက် နည်းနည်းတောင် မြင့်တက်လာတာကို တေလာက လက်မခံပါဘူးတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top