Healthy Life Ad
Life Style

စည်းလုံးခြင်းသည် ခွန်အား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွားလေးကောင်က တောတစ်ခုထဲမှာ နေကြတယ်။ သူတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ကြပြီး အမြဲတမ်းအတူသွား၊ အတူစား၊ အတူနေထိုင်ကြတယ်။ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီး စောင့်ရှောက်တာကြောင့် ခြင်္သေ့၊ ကျား စတဲ့ တိရစ္ဆာန်တွေက သူတို့ကို ရန်ပြုပြီး အစာရေစာအဖြစ် မစားရဲကြဘူး။

ဒါပေမဲ့ တစ်နေ့ကျတော့ သူငယ်ချင်းလေးကောင်က တစ်ကောင်နဲ့ တစ်ကောင် ရန်ဖြစ်ကြတယ်။ ပြီးတော့ စိတ်တိုတိုနဲ့ ဦးတည်ရာမတူတဲ့ဘက်တွေကို ထွက်ခွာသွားခဲ့ကြတယ်။ ကျားနဲ့ ခြင်္သေ့က ဒီအဖြစ်အပျက်ကိုမြင်တော့ ဒါငါတို့ အတွက် အခွင့်အရေးကောင်းပဲလို့ မြင်တယ်။ သူတို့လည်း ခြုံပုတ်တွေထဲ ပုန်းပြီး နွားတွေကို တစ်ကောင်ပြီး တစ်ကောင် တိုက်ခိုက်သတ်ပုတ်ပြီး စားသောက်ကြတော့တယ်။

ဒီဖြစ်ရပ်ကိုနမူနာပြပြီး “နွားကွဲရင် ကျားဆွဲမယ်”ဆိုတဲ့ စကားပုံပေါ်လာပါတော့တယ်။ စည်းလုံးညီညွတ်ခြင်းကသာ ခွန်အားဖြစ်တယ်ဆိုတာကိုလည်း ဒီစာစုကပြသထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top