Healthy Life Ad
Q & A

ကင်ဆာကာကွယ်ရေးအတွက် အမျိုးသားတွေသိထားသင့်တဲ့ အချက်တွေ . . .

မေး. ကင်ဆာကာကွယ်ရေးအတွက် အမျိုးသားတွေ အထူးသိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါ ဆရာ။
Mg Mg (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အမျိုးသားတွေမှာ အဖြစ်များတာက အသည်းကင်ဆာပါ။ အသည်းကင်ဆာက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ အရက်အလွန်အကျွံသောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီပိုးနဲ့ စီပိုး ရှိ၊ မရှိ စစ်ဆေးပါ။ ဘီပိုးမရှိရင် ကာကွယ်ဆေးထိုးပါ၊ စီပိုးရှိရင် ဆေးကုသမှု ခံယူသင့်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရှိသူတွေ အရက်သောက်ရင် ပိုဆိုးပါတယ်။ အမျိုးသမီးတွေမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး မရှိဘဲ အသည်းကင်ဆာဖြစ်နှုန်း မြင့်တက်နေတာကို တွေ့ရပါတယ်။ အဲဒါကတော့ အသည်းအဆီဖုံးရောဂါဖြစ်ရာကနေ ကုသမှု မခံယူတာကြောင့် ဖြစ်ရတာပါ။

အမျိုးသားတွေမှာ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နှုန်းလည်း မြင့်တက်တာကို တွေ့ရပါတယ်။ ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်တာများရင်၊ ကိုယ်အလေးချိန်ကျရင်၊ ဝမ်းထဲသွေးပါရင် အူမကြီးကင်ဆာကို သတိထားသင့်ပါတယ်။ နောက်တစ်ခုက အမျိုးသားတွေဟာ အဆုတ်ကင်ဆာအဖြစ်များပါတယ်။ ဒါက ဆေးလိပ်သောက်တာကြောင့် အဖြစ်များပါတယ်။ ဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top