Healthy Life Ad
Q & A

သွေးတိုးနှင့် ဆီးချိုရောဂါရှိသူတို့ ဆံပင်အရောင်မဆိုးသင့်သည့်အချိန်

မေး. သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့လို အခြေခံကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ ဘယ်လိုအချိန်မှာ ဆံပင်အရောင်မဆိုးဘဲ ရှောင်သင့်ပါသလဲရှင့်။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုးနေချိန်၊ ဆီးချိုတက်နေချိန်မှာ ဆံပင်အရောင် မဆိုးသင့်ပါဘူး။

ဦးရေပြား ပေါက်ပြဲပြီး အနာဖြစ်နေရင်၊ နှင်းခူ၊ ယားနာ၊ ဒက် စတာတွေပေါက်နေရင် ဆံပင်အရောင် မဆိုးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ငယ်လွန်းတဲ့ကလေးတွေ ဆံပင်အရောင်မဆိုးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်အရောင်ဆိုးရင် ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကို သွေးကစုပ်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။

ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့သူက ဆံပင်ဆိုးဆေး (Hair Dye) အားလုံးကို ရှောင်ရပါမယ်။ ယာယီဆံပင်ဆိုးဆေးတွေက PPD နည်းပေမယ့် PPDနဲ့ မတည့်သူ ၁၀ ရာခိုင်နှုန်းက ယာယီဆံပင်ဆိုးဆေးနဲ့လည်း မတည့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top