Healthy Life Ad
International

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှု အကြောင်း လေ့လာတွေ့ရှိချက်များ

၊ လရိပ်မေ ၊

နံနက် အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ချိန် အကြားမှာ ပုံမှန်အရွယ်အစားရှိတဲ့ သူတစ်ဦးဟာ အရပ်တစ်ရာခိုင်နှုန်း(တစ်လက်မရဲ့ သုံးပုံနှစ်ပုံ နီးပါး)ကွာခြားမှုရှိတယ်ဆိုတာ သင်သိပါရဲ့လား။ ဒါက ညဘက်မှာ တစ်နေ့လုံးဖိစီးခဲ့တဲ့ လုပ်ငန်ခွင်စိတ်ဖိစီးမှုဒဏ်ကြောင့် ကျုံ့သွားတဲ့အရပ်ဖြစ်တယ်လို့ ဆွစ်လေ့လာမှုအသစ်အရသိရပါတယ်။

သင်က မတ်မတ်ရပ်နေချိန်မှာ ကမ္ဘာ့မြေဆွဲအားနဲ့ကျောရိုးမ vertebrae ကြားစီးဆင်းနေတဲ့ အရည်ညှစ်အားတို့ရဲ့ သက်ရောက်မှုအပြင် စိတ်ဖိစီးမှုကြောင့် ပခုံးနဲ့ နောက်ကျောကြွက်သားတွေမှာ တင်းအားဖြစ်ပေါ်လာပြီး ပုံမှန်ထက် အရည်တွေကို ပိုတွန်းထုတ်တာကြောင့် အရပ်ပိုပုသွားတာဖြစ်တယ်လို့ လေ့လာသူတွေက ရှင်းပြပါတယ်။စိတ်ဖိစီးမှုကြောင့် အရပ်အမောင်းပုသွားတဲ့ အပြင်နား၊ အရေပြား၊ ဦးနှောက်နဲ့ ဝမ်းဗိုက်တွေ အပေါ်မှာလည်းသက်ရောက်မှုတွေရှိနေပါတယ်။

နားအူခြင်း
ဆွီဒင်လေ့လာမှုတစ်ခုအရ အမျိုးသား ၃၉ ရာခိုင်နှုန်းက အလုပ်ပြောင်းလိုက်တဲ့အတွက် စိတ်ဖိစီးမှုခံစားရချိန်မှာ နားအူတာနဲ့ နားအကြားအာရုံဆုံးရှုံးတာတို့ ဖြစ်နိုင်ခြေများတယ်လို့သိရပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ ပူပင်သောကများစေတဲ့ ဟော်မုန်းတွေက နားထဲက cochlear receptors တွေအတွင်း အန္တရာယ်ရှိတဲ့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာတာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ရှင်းပြထားပါတယ်။

အရေပြား ယားယံခြင်း
သင့်အလုပ်ရှင်က သင့်ကိုခွေးတစ်ကောင်လိုအလုပ်ခိုင်းစေတယ်ဆိုရင် ယားယံမှုကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ယားယံတာ၊ အရေပြားနီမြန်းတာနဲ့ တခြားအရေပြားပြဿနာတွေ ဖြစ်ပေါ်ရတာဖြစ်ပါတယ်လို့ ဥရောပလေ့လာမှုတစ်ခုအရ သိရပါတယ်။

ဦးနှောက်ကျုံ့စေခြင်း
ယေးတက္ကသိုလ်လေ့လာမှုအရ စိတ်ဖိစီးမှုဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေ၊ ပိတ်ပင်စေတဲ့ ပရိုတင်းဓာတ်တွေကို ပမာဏတိုးစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဦးနှောက်အစိတ်အပိုင်း Prefrontal Cortex ထုထည်ကို ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဦးနှောက်ကျုံ့တာဟာ သူငယ်ပြန်အတိတ်မေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စတာတွေနဲ့ဆက်စပ်မှု ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top