Healthy Life Ad
Health Tips

ယခုလိုမိုးရာသီတွင် ပြောင်းဖူးမီးဖုတ် ဝယ်မစားသင့်

၊ ကိုထက် ၊

မိုးရာသီမှာ ပူပူနွေးနွေးနဲ့ သန့်ရှင်းတဲ့ အစာတွေကို စားသင့်ပါတယ်။ လမ်းဘေးမှာ ရောင်းလေ့ရှိတဲ့ ပြောင်းဖူးမီးဖုတ်တွေကတော့ မစားသင့်ဘူးလို့ လေ့လာသူတွေက အကြောင်းပြချက်တချို့နဲ့ ပြောပြထားပါတယ်။

(၁) ယင်နားနိုင်ခြေများခြင်း

ယင်ကောင်တွေက ရောဂါဝေဒနာမျိုးစုံ ဖြစ်စေနိုင်တဲ့ ကပ်ပါးကောင်တွေပါ။ ပြောင်းဖူးမီးဖုတ်တွေကို ဒီအတိုင်းချထားချိန်မှာ ဖုံးအုပ်မထားရင် ယင်နားနိုင်ခြေများပါတယ်။

(၂) ညစ်ပတ်သည့် ဟင်းချက်ကိရိယာများသုံးခြင်း

ပြောင်းဖူးမီးဖုတ်ရာမှာသုံးတဲ့ မီးညှပ်၊ လက်သုတ်ဝတ်စတာတွေက ဘယ်လောက်သန့်ရှင်း နိုင်ပါသလဲ။ ဒါတွေကလည်း ပိုးကူးစက်စေနိုင်ပါတယ်။

(၃) မသန့်ရှင်းသည့် လက်များ

ပြောင်းဖူးမီးဖုတ်ရာမှာ ကိုင်တွယ်တဲ့လက်တွေ မသန့်ရှင်းတာကြောင့်လည်း ကူးစက်ပိုး ဝင်စေနိုင်ပါတယ်။

(၄) လေထုညစ်ညမ်းခြင်း

ဝယ်မယ့်ပြောင်းဖူးက လေထုညစ်ညမ်းပြီး ဖုန်တွေထတဲ့နေရာက ဖြစ်နေရင်လည်း မစားသင့်ပါဘူး။

(၅) သင့်လက်

ပြောင်းဖူးမီးဖုတ်ဝယ်ပြီး သင့်လက်ကို မဆေးကြောဘဲ ချက်ချင်းစားတာကြောင့်လည်း ပိုးဝင်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top