Healthy Life Ad
Life Style

ဆရာဆိုသည်မှာ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကောလိပ်ပါမောက္ခတစ်ဦးက သူရဲ့ လူမှုဗေဒပညာရပ်အတွက် လူငယ်ကောင်လေး ၂၀ဝ ဦးရဲ့ ကိုယ်ရေးရာဇဝင်တွေကို ကောက်ယူဖို့ ဘယ်လ်တီမိုးရှိ ဆင်ခြေဖုံးရပ်ကွက်နေသူတွေဆီသွားခဲ့ပါတယ်။ လူငယ်လေးတွေရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ မျှော်မှန်းချက်ကိုပါ မေးခဲ့တဲ့အခါ ကျောင်းသားတွေရဲ့ ကိုယ်ရေးရာဇဝင်တိုင်းမှာ “သူ့မှာတိုးတက်ဖို့ အခွင့်အလမ်းမရှိဘူး” ဆိုပြီး မှတ်ချက်ပြုခဲ့ကြတယ်။

၂၅ နှစ်ကြာပြီးတဲ့အခါ တခြား လူမှုဗေဒပညာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးက အရင်လုပ်ခဲ့တဲ့ လေ့လာမှုနောက်ဆက်တွဲရလဒ်ကို အဖြေရှာဖို့ ဘယ်လ်တီမိုးက အဲဒီဆင်ခြေဖုံးရပ်ကွက်ကို ထပ်သွားခဲ့ပြန်ပါတယ်။ “အရင်လေ့လာမှုမှာပါခဲ့တဲ့ ကောင်လေးတွေ ဘာဖြစ်သွားခဲ့ပြီလဲ” ဆိုတဲ့ စူးစမ်းလိုစိတ် အပြည့်နဲ့ပေါ့။ လေ့လာမှုမှာပါခဲ့တဲ့ ကောင်လေး ၂၀ဝ မှာ အယောက်၂၀ကပဲ ပြောင်းရွှေ့သွားတဲ့သူပြောင်း၊ သေဆုံးတဲ့သူ သေခဲ့ပါတယ်။ ကျန်တဲ့ကောင်လေး ၁၈၀ မှာ ၁၇၆ ယောက်ကတော့ ရှေ့နေ၊ ဆရာဝန်၊ စီးပွားရေးသမား စတဲ့ သာမန်အောင်မြင်မှုတွေထက် ပိုပြီးအောင်မြင်တိုးတက်နေတာကို အံ့သားသင့်ဖွယ် သူတွေ့ရှိခဲ့ပါတယ်။

ပါမောက္ခကြီး အကြီးအကျယ် အံ့အားသင့်တုန်လှုပ်ခဲ့ပြီး ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီလူငယ်အားလုံး (အခုတော့ လူကြီးတွေဖြစ်လာကြပါပြီ)ဟာ အဲဒီဒေသမှာပဲရှိနေကြတဲ့အတွက် သူသိလိုတဲ့ “ဘယ်လိုကြောင့် အောင်မြင်မှုကို အရယူနိုင်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေကြားပေးနိုင်ခဲ့ပါတယ်။ သူတို့အားလုံးတဲ့ အဖြေက အတူတူဖြစ်နေပါတယ်။ “ပဲ့ကိုင်ရှင် ဆရာတစ်ယောက်ကြောင့်ပါ”လို့ အားတက်သရော ဖြေခဲ့ကြပါတယ်။

သူတို့ပြောတဲ့ ပဲ့ကိုင်ရှင်ဆရာက အသက်ရှင်နေတုန်းပါပဲ။ အသက်ကြီးပေမယ့် တက်ကြွဆဲဆရာမကြီးပါ။ ဒီဆရာမကြီးဟာ သူရဲ့တက်ကြွလန်းဆန်းဖျတ်လတ်တဲ့ စွမ်းပကားနဲ့ ဆင်ခြေဖုံးရပ်ကွက်က ကောင်လေးတွေကို အောင်မြင်တဲ့ ဘဝရအောင် ဆွဲတင်ပေးနိုင်ခဲ့တာပါ။

ပါမောက္ခကြီးနဲ့ တွေ့ဆုံချိန်မှာ ဆရာမကြီးရဲ့ မျက်ဝန်းတွေက တဖျတ်ဖျတ်တောက်လို့၊ ညင်သာတဲ့ အပြုံးနဲ့အတူ အလွန်ရိုးစင်းတဲ့အဖြေကို ပေးခဲ့ပါတယ်။

“ဒါက အလွန့်အလွန်ကို ရိုးစင်းပါတယ်။ ကျွန်မက ဒီကောင်လေးတွေကို ချစ်တာကိုး”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top