Healthy Life Ad
Life Style

ငှက်နှင့် လိပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
တစ်ခါတုန်းက သစ်ပင်ပေါ်မှာ ငှက်တစ်ကောင် အသိုက်ဆောက်နေစဉ် သစ်ပင်အောက်မှာ လိပ်တစ်ကောင် လာနားခိုပါသတဲ့။ လိပ်က ငှက်ကို မော့ကြည့်ပြီး ပြောလိုက်တာက –

“ဘယ်လို အိမ်ဟောင်းကြီးလဲ၊ သစ်ကိုင်းအကျိုးအပဲ့တွေနဲ့ ဆောက်ထားတာ၊ အမိုးလည်း မရှိဘူး။ ကြည့်ရတာ ကရော်ကမယ်နိုင်လိုက်တာ။ ပိုဆိုးတာက ကိုယ့်ဘာသာအဖြစ်ဆောက်ထားတာပဲ။ ငါ့အိမ်ကတောင် မင်းအသိုက်ထက် ပိုသာဦးမယ် ထင်တယ်”

ငှက်က ပြန်ဖြေတယ်။

“ဟုတ်ပါတယ်။ ကျိုးပဲ့နေတဲ့ သစ်ကိုင်းတွေ နဲ့ ဆောက်ထားတဲ့အသိုက်ပါ။ အမိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သဘာဝနဲ့ တသားတည်း ကျပါတယ်။ ကရော်ကမယ်နိုင်လည်း ငါဆောက်တဲ့အိမ် ငါသဘောကျတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ငါ့တွင်းထက်တော့ ပိုမသာဘူး”လို့ လိပ်က ပြန်ဖြေတယ်။

“ဒါပေမဲ့ ငါ့အိမ်က ငါ့မိသားစုနဲ့ မိတ်ဆွေတွေလာနေလို့ လောက်အာင်ကျယ်ပါတယ်။ မင်းရဲ့ တွင်းက မင်းထက် တခြားသူတွေ မဝင်နိုင်ဘူး။ မင်းအိမ်က ပိုကောင်းတဲ့ အိမ်ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ မိသားစု၊ မိတ်ဆွေတွေ လာခိုနိုင်တဲ့ ငါ့အိမ်က ပိုသာယာတယ်”လို့ ငှက်က ပျော်ပျော်ရွှင်ရွှင် ပြောလိုက်တဲ့အခါ လိပ်ခမျာ ဘာမှ မချေပနိုင်တော့ဘူးတဲ့။

လောကမှာ အထီးကျန်တဲ့သူထက် ဆွေမျိုးသားချင်းပေါများတဲ့သူက ပိုပျော်ရွှင်ရတယ်လို့ ဒီစာစုက ပညာပေးထားတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top