Healthy Life Ad
Women

သင့်ကို ပိုကြည့်ကောင်းစေမည့် အလှအပရေးရာ စိတ်ကူးရှစ်သွယ်

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)


– နှုတ်ခမ်းနီရဲရဲနှင့် အမည်းရောင် အိုင်းလိုင်နာ

အမည်းရောင် အိုင်းလိုင်နာတောင်ပံနဲ့ အနီရောင် နှုတ်ခမ်းနီက ဖက်ရှင်ကျစေတဲ့ အတွဲအစပ်ဆိုတာပြောနေဖို့ မလိုလောက်ပါဘူး။ ဟောလိဝုဒ် မိ်တ်ကပ်တွေက အမျိုးသမီးတိုင်းကို ကြည့်ကောင်းစေပါတယ်။ မှန်ကန်တဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်ပြီး အသားအရေကို ကြည်လင်တောက်ပအောင်ပြင်ဆင်ပါ။


– မီးခိုးရောင်မျက်ဝန်းနှင့် သဘာဝအရောင်နှုတ်ခမ်းနီ

မီးခိုးရောင်မျက်ဝန်းနဲ့ သဘာဝအရောင် နှုတ်ခမ်းနီကလည်း ရွှေရောင်အတွဲအစပ်ပါပဲ။ တောက်ပကျက်သရေရှိတဲ့ အသွင်ဖြစ်စေပြီး ညနေခင်းတွေမှာ အံ့အားသင့်လောက်အောင် ကြည့်ကောင်းစေပါတယ်။


– အမည်းရောင်နှုတ်ခမ်းနီနှင့် တောက်ပသော မိတ်ကပ်

ကြွေရောင်တောက်အောင် ပြင်ထားတဲ့ မိတ်ကပ်နဲ့ဆိုရင် အမည်းရောင်နှုတ်ခမ်းနီက လိုက်ဖက်တင့်တယ်ပါတယ်။ အညိုရောင်၊ ဝိုင်လိုအရောင်ရင့်၊ ခရမ်းနက်ရောင် စတဲ့ နှုတ်ခမ်းနီဆိုးပါ။ မျက်လုံးမှာ မိတ်ကပ်သိပ်မခြယ်ပါနဲ့။


– အညိုရောင်အိုင်းရှဲဒိုးနှင့် မက်မွန်သီးရောင် နှုတ်ခမ်းနီ

ဒီမိတ်ကပ်ရဲ့ ကောင်းကျိုးက အလုပ်နဲ့ပါတီပွဲ နှစ်မျိုးစလုံးနဲ့ အဆင်ပြေတာပါပဲ။ သတိထားရမှာတစ်ခုက အညိုရောင်အိုင်းရှဲဒိုးခြယ်သတဲ့အခါ ပင်ပန်းနွမ်းနယ်တဲ့ပုံ မပေါက်အောင် သတိထားသင့်တာပါ။ မက်မွန်သီးရောင် နှုတ်ခမ်းနီက သင့်အသွင်အပြင်ကို လန်းဆန်းစေပြီး အညိုရောင်အိုင်းရှဲဒိုးရဲ့ ထူထဲလေးလံမှုကို ပြေသွားစေပါတယ်။


– ဝိုင်နှုတ်ခမ်းနီနှင့် ကြေးညိုရောင် အိုင်းရှဲဒိုး

ဒါက တော်ဝင်အတွဲအစပ်လို့ဆိုရမှာပါ။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသားနဲ့ အဆင်ပြေအောင် ဆိုးတတ်ဖို့တော့ လိုပါတယ်။ အိုင်းရှဲဒိုးခြယ်တဲ့အခါ ရွှေရောင်သမ်းတာကိုရွေးပါ။ လက်ချောင်းလေးတွေကို ဖြည်းဖြည်းချင်း ရွေ့လျားပြီးလိမ်းပါ။


– ခရမ်းရောင် အိုင်းရှဲဒိုးနှင့် ပန်းရောင်နှုတ်ခမ်းနီ

ပန်းရောင်နှုတ်ခမ်းနီက ခရမ်းရောင်/အပြာရောင် အိုင်းရှဲဒိုးနဲ့ လိုက်ဖက်ပါတယ်။ တောက်ပတဲ့ အိုင်းရှဲဒိုးကို ရွေးချယ်ရင် လန်းဆန်းပြီး အပြစ်ကင်းစင်တဲ့အသွင် ဖြစ်စေပါတယ်။


– လိမ္မော်ရောင်အိုင်းရှဲဒိုးနှင့် ကြည်လင်သော နှုတ်ခမ်းနီ

လိမ္မော်ရောင် အိုင်းရှဲဒိုးနဲ့ ကြည်လင်တဲ့ နှုတ်ခမ်းနီက သင့်ကို ပိုလန်းဆန်းစေပြီး တောက်ပတဲ့အလှတရား ပိုင်ဆိုင်စေပါတယ်။


– အကြံပြုချက်

နှာခေါင်းက ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ
ဆားဝက်ခြံဖယ်ရှားဖို့ ပင်လယ်ဆား ထမင်းစားဇွန်းတစ်ဇွန်း၊ သံပရာရည် ဇွန်းတစ်ဝက်နဲ့ ရေဇွန်းတစ်ဝက်တို့ရောပြီး ဆားဝက်ခြံပေါ်မှာ စက်ဝိုင်းပုံလှည့်လည်နှိပ်ပါ။ ၂-၃ မိနစ်လောက်နှိပ်ပြီး ၁၀-၁၅ မိနစ်လောက်ထားကာ ရေနွေးနဲ့ဆေးပါ။ နောက်ဆုံးမှာ ရေအေးနဲ့ပြန်ဆေးပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top