Healthy Life Ad
Health Tips

သင်၏ လေ့ကျင့်ခန်း လုပ်ဆောင်မှု ပိုမိုအစွမ်းထက်စေရန်

၊ လရိပ်မေ ၊

ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်နေစဉ်မှာ ကယ်လိုရီလောင်ကျွမ်းမှုများစေပြီး သက်လုံကောင်းကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

– နံနက်စောစော လေ့ကျင့်ခန်းလုပ်ပါ

နံနက်စောစော အချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကိုမြန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အချိန် ၁၅ နာရီကျော်ကြာချိန်မှာ သိသာတဲ့အကျိုးကျေးဇူးကို ရရှိပါလိမ့်မယ်။

– ခံနိုင်ရည်ရှိစေရန် လေ့ကျင့်မှုအဆင့်ကို ဖြည်းဖြည်းချင်းတိုးသွားပါ

လက်နဲ့ ခြေထောက်တွေ သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်းတွေလုပ်ဆောင်ရာမှာ စစချင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းကိုမလုပ်ပါနဲ့။ အလေးမတာ၊ ဒိုက်ထိုးတာစတဲ့ လေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ရှိလာအောင် တဖြည်းဖြည်းချင်းတိုးပြီး လုပ်ဆောင်သွားပါ။ နာကျင်မှုကင်းစေပြီး ပိုကောင်းတဲ့ရလဒ်ကို ရရှိစေပါတယ်။

– သဘာဝအစာများကို စားပါ

ထမင်းနဲ့ သရေစာတွေအတွက် တတ်နိုသမျှ သဘာဝအစာကို ရွေးချယ်စားပါ။ ပြုပြင်ထားတဲ့ အဆင်သင့်အစာတွေမှာ အာဟာရတန်ဖိုးနည်းပြီး ဆားနဲ့သကြားလို မလိုလားအပ်တဲ့ ကယ်လိုရီတွေ အများအပြားပါဝင်နေတတ်လို့ပါ။

– ရေဓာတ်ဖြည့်တင်းပါ

လေ့ကျင့်ခန်းလုပ်ပြီး ရေဓာတ်အလုံအလောက်မရတာကို ဗိုက်ဆာတယ်လို့ အထင်မှားတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါ ဟမ်ဘာဂါ၊ ချိုတဲ့မုန့်လို ကယ်လိုရီများတဲ့အစာတွေကိုစားပြီး ဖြည့်တင်းလိုက်ရင် အပိုကယ်လိုရီတွေကို ရရှိစေပါတယ်။

– ကိုယ်အလေးချိန်ကျလိုလျှင် အယ်လ်ကိုဟောကို လျှော့သောက်ပါ

ဝိုင်၊ ဘီယာနဲ့ တခြားအရက်တွေမှာပါတဲ့ကယ်လိုရီက ခန္ဓာကိုယ်မှာ အဆီအဖြစ်စုပုံ သိုလှောင်သွားပါတယ်။ ဒါကြောင့် အရက်ကို မသောက်ဘဲနေရင် အကောင်းဆုံးပါ။ အရက်သောက်လေ့ရှိ သူတို့အနေနဲ့ အရက်လျှော့သောက်တာက ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top