Healthy Life Ad
Child

သင့်ကလေးငယ် အရွယ်အလိုက် ပုံမှန်ဖွံ့ဖြိုးမှုရှိရဲ့လား

၊ ငွေစင်ကြယ်ယံ ၊

ကလေးမွေးလာပြီဆိုတာနဲ့ အရွယ်အလိုက် ပုံမှန်ဖွံ့ဖြိုးမှု ရှိရဲ့လားဆိုတာ မိဘတွေစိတ်ပူကြတဲ့ အချက်ပါ။

အသက် သုံးလအရွယ်မှာ

– မိခင်မျက်နှာ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို လိုက်မကြည့်တာ၊

– အသံပေးပေမယ့် အမူအရာ ပြောင်းလဲမှုမရှိတာ၊ ခြောက်လှန့်သံပေးလည်း မလန့်တာ၊

– ချော့မြှုတဲ့အခါ ပြုံးမပြတာ၊

အသက် ခြောက်လအရွယ်မှာ

– အရုပ်တစ်ခုခုကို လက်က မကိုင်နိုင်တာ၊

– အမြဲလိုလို လက်သီးဆုပ်ထားတာ၊

– ဦးခေါင်းမခိုင်တာ၊

အသက် ကိုးလအရွယ်မှာ

– နောက်က အမှီရှိရင်တောင် မထိုင်နိုင်တာ၊

– မရယ်တတ်တာ၊

အသက် တစ်နှစ်အရွယ်မှာ

– ကလေးသဘာဝ ဝူးဝူးဝါးဝါး မလုပ်နိုင်တာ၊

– တာ့တာ၊ ချိုမိုင်မိုင် မလုပ်နိုင်တာ၊

– ခေါင်းငြိမ့်/ခေါင်းခါ မလုပ်တတ်တာ၊

– လက်ညှိုးမထိုးတတ်တာ၊

အသက် တစ်နှစ်ခွဲအရွယ်မှာ

– မတ်တပ်စမ်းမလျှောက်တာ၊

အသက် နှစ်နှစ်အရွယ်မှာ

– ဖေဖေ၊ မေမေ မခေါ်တတ်တာ

– လမ်းကောင်းကောင်း မလျှောက်နိုင်တာ၊

အသက် သုံးနှစ်အရွယ်မှာ

– ခဏခဏ လဲကျနေတာ၊

– မပြေးနိုင်တာ၊

– “မုန့်စားချင်တယ်”၊ “ရေသောက်ချင်တယ်” စတဲ့ ဝါကျအတိုလေးတွေ မပြောနိုင်တာ၊

– မျက်လုံးချင်း ဆုံမကြည့်တာ၊

အသက် လေးနှစ်အရွယ်မှာ

– တစ်ဦးတည်း သီးသန့်နေတတ်တာ၊

– စကားမပြောတာ၊ ပြောရင်လည်း အဆင်မပြေတာ။

ဒီလို ဖွံ့ဖြိုးမှု ပုံမမှန်တာလေးတွေရှိရင် ကလေး အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသင့်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top