Healthy Life Ad
Women

နှုတ်ခမ်းဖူးဖူးလှလှလေး ပိုင်ဆိုင်စေမယ့် သဘာဝနည်း ၇ ရပ်

၊ လရိပ်မေ ၊
ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းဖူးဖူးလေး ပိုင်ဆိုင်လိုသူတိုင်းအတွင် ခွဲစိတ်ကုထုံး၊ ဆေးထိုးတာတွေ မလိုဘဲ သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်နိုင်ပါတယ်။

(၁) ဆဲလ်သေကင်းဝေးအောင် ကြေးချွတ်ပါ
နှုတ်ခမ်းကို အလွန်နူးညံ့တဲ့ သွားတိုက်တံ အမျှင်လေးတွေနဲ့ စက်ဝိုင်းပုံစံ လှည့်လည် ပွတ်တိုက်ပေးပါ။ ပြီးရင် နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပေးပါ။

(၂) သံလွင်ဆီနှင့် အညိုရောင်သကြားသုံးပါ
သံလွင်ဆီ ထမင်းစားဇွန်း တစ်ဝက်၊ အညိုရောင်သကြား ထမင်းစားဇွန်းနှစ်ဇွန်းတို့ကိုရောပြီး နှုတ်ခမ်းကိုကြေးချွတ်ပွတ်တိုက်ပေးပါ။ တစ်မိနစ်လောက် ပွတ်တိုက်ပြီး လက်ချောင်းထိပ်နဲ့ စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ ပြီးမှ ရေနဲ့ သန့်စင်ပေးရပါမယ်။

(၃) နှုတ်ခမ်းကို သံပရာရည်သုတ်ပေးပါ
သံပရာရည်မှာ ဗီတာမင်စီဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါတာကြောင့် အရေပြားဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နှုတ်ခမ်းသားမှာ သံပရာရည်သုတ်လိမ်းတာကြောင့် ညိုမည်းနေတဲ့ နှုတ်ခမ်းသားကို ကြည်လင်စိုပြည်ပြီး ပန်းနုရောင်သမ်းလာစေပါတယ်။

(၄) ပျားရည်သုံးပါ
နှုတ်ခမ်းတောက်ပစိုပြည်စေဖို့ နှုတ်ခမ်းဆိုး ဆေးအဆီအစား ပျားရည်လိမ်းပေးရင် နှုတ်ခမ်းသားတောက်ပပြည့်တင်းစေပါတယ်။

(၅) ပူစီနံ(ပူဒီနာ)ဆီ ခပ်ပါးပါးလိမ်းပါ
ပူစီနံဆီကိုနှုတ်ခမ်းမှာ ခပ်ပါးပါးသုတ်လိမ်းပေးရင် နှုတ်ခမ်းသားကို ယာယီထူထဲလာစေပါတယ်။

(၆) နှုတ်ခမ်းလေ့ကျင့်ခန်းလုပ်ပါ
နှုတ်ခမ်းကို စူလိုက်၊ ချက်ချင်းပြန်ဖိလိုက်လုပ်ပေးပါ၊ ပြီးရင် နှုတ်ခမ်းကိုဘေး ညာဘက်မှ ဘယ်ဘက်သို့ ရွေ့လျားတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

(၇) လေချွန်ပါ
တစ်နေ့ အများဆုံး ငါးမိနစ်ခန့် လေချွန်ပေးတာကနှုတ်ခမ်းသားကို လေ့ကျင့်ခန်းလုပ်ဖြစ်စေသလိုဖြစ်ပြီး နှုတ်ခမ်းသား ပြည့်တင်းလာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top